စစ်အုပ်စုနဲ့ပျူစောထီးက ကျွန်းဒက်ရွာကို ဝင်ရောက်ဓားပြတိုက်ပြီး အိမ်တွေမီးရှို့

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ဂန့်ဂေါမြို့နယ် ကျွန်းဒက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတို့က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူဓားပြတိုက်ကာ နေအိမ် ၄လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 စစ်ကားတွေနဲ့ ကျေးရွာထဲကို ဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကို ကားပေါ်တင်ပြီး မောင်းထွက်သွားကြတာလို့ သိရပါတယ်။

 “စစ်တပ်နဲ့ပျူစောထီးတွေ အဝေးကနေ လှမ်းကြည့်နေတာ သူတို့မှန်းသိတယ်၊ ကားနဲ့ဝင်လာပြီးတော့ အိမ်တွေကိုဖျက်တယ် ပစ္စည်းတွေခိုးတယ် ကားပေါ်တင်တယ်၊ အိမ်၄လုံးကို မီးရှို့သွားတယ်၊ ရွာသားတွေက သူတို့ကိုကြောက်လို့ ရှောင်နေကြတာကြာပြီ အဲ့ဒါကို အခုဝင်ခိုးကြတာ ဒါနဲ့ဆို နှစ်ခါရှိပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ  ကျေးရွာအတွင်းမှာ ကျန်ရှိနေသူ ပြည်သူအချို့ကို ဖမ်းဆီးသွားခြင်း ရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။