အဆိုးဆုံးဒလန်လုပ်ခဲ့တဲ့ ကသာအုပ်ကြီး၇ဦး မြို့ကနေအပြီး ထွက်ခွါသွားဖို့ ထုတ်ပြန်

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

အဆိုးဆုံးဒလန်လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၇ဦး မြို့ကနေအပြီးအပိုင်ထွက်ခွါ သွားကြဖို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကသာမြို့ပေါ်ကရပ်ကွက်၃၊၄၊၅၊၆၊၉၊၁၀နဲ့၁၁က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ အဆိုးဆုံးဒလန်လုပ်ခဲ့တယ်လို့ ကသာPDF ကထုတ်ပြန်ပါတယ်။

ဒါအပြင် စစ်အုပ်စု မြို့နယ်ကောင်စီမှာပါဝင်တဲ့ ကသာမြို့၊မြို့မိမြို့ဖ အမည်ခံအချို့လည်း မြို့ပေါ်ကနေ အပြီးအ ပိုင် ထွက်ခွါသွားကြဖို့ ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ကသာမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ကျေးရွာတာဝန်ခံတွေနဲံ့ ရာအိမ်မှူးတွေအနေနဲ့လည်း အောက်တိုဘာ၁၀ရက်နေ့နောက်ဆုံးထားပြီး စစ်အုပ်စုအုပ်ချုပ်ရေးတာဝန်ကနေ နုတ်ထွက်ကြဖို့လည်းသတိပေး ထားပြီး ကသာအရှေ့ဘက်ကမ်းကကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၁၂ဦး နုတ်ထွက်စတင်နုတ်ထွက်ပြီလို့ မနေ့ကထုတ်ပြန်ထားပါတယ်။

‘ဒီလ၁၀ရက်နေ့နောက်ဆုံးထားပြီးနုတ်ထွက်ကြဖို့ ၊သူတို့ပြောထားတဲ့လူတွေ မြို့ကနေ အပြီးထွက်သွားဖို့ ကြေညာထားတာ။မထွက်ဘူး၊မသွားဘူးဆိုရင် တစ်ခုခုလုပ်တော့မယ့်သဘောလည်းကြေညာထားတာဆို တော့ ၁၀ရက်နောက်ပိုင်း ပွဲတွေကောင်းလာနိုင်တယ်’လို့ ကသာမြို့၊ရပ်ကွက်၅နေတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါ တယ်။

စစ်အုပ်စုကအာဏာလုပြီးချိန်ကစလို့ ကသာမြို့နယ်အတွင်းမတရားသတ်ဖြတ်ခံရသူ၉ဦး၊ မတရားဖမ်းဆီးခံရသူ၅၃ဦး၊မီးရှို့ခံရတဲ့နေအိမ်၁၀လုံး၊ရိုက်ဖျက်ခံရတဲ့အိမ်အလုံး၂၀၊မီးရှို့ခံရတဲ့ တောင်သူသုံးကား၅စီး၊ကျွဲ၊နွား၊ကြက်၊ဝက်လုယက်ခံရမှုအကြိမ်၂၀နဲ့စစ်ဘေးရှောင်ဦးရေ၂၅၀၀၀လောက် ရှိတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

ကသာမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက် ၁၁ခုနဲ့ ကျေးရွာအုပ်စု ၃၂စုရှိပါတယ်။

Delta News Agency

Read Previous

စစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးကူညီပေးခဲ့တဲ့ Free Burma Ranger-Karenni

Read Next

စစ်အုပ်စုနဲ့ပျူစောထီးက ကျွန်းဒက်ရွာကို ဝင်ရောက်ဓားပြတိုက်ပြီး အိမ်တွေမီးရှို့