ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်မြို့မှာ စစ်အုပ်စုတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် ၊ အရပ်သားတဦးသေဆုံး

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ အာဏာသိမ်းစစ်အုပ်စုတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူတွေသေဆုံးဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။ အောက်တိုဘာ ၆ရက်ညပိုင်းက စစ်အုပ်စုတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ဦးသေဆုံးပြီး ကလေးငယ် ၂ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၈ဦးရှိတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုဝင်တွေကို တိုက်ခိုက်သွားမယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သွားမယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်အချို့မှာ စစ်အုပ်စုတပ်တွေဟာ အရပ်ဘက်သုံးကားတွေနဲ့ ညဘက်တွေမှာ လှည့်လည်ကြပြီး အာ ဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို အလစ်ဝင်ဖမ်းတာနဲ့ အလစ်မှာဝင်ပစ်တာမျိုး ကျူးလွန်ဖို့အတွက် ဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမှာ ပြည်သူတွေကို အချိန်ပိုင်း အုပ်ကြီးလုပ်ဖို့ စစ်အုပ်စုက အမိန့်ပေး

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရချိန်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ BGFက ဘားအံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသခံပြည်သူတွေကို အချိန်ပိုင်း အုပ်ချုပ်ရေးမှူးတွေ မဖြစ်မနေလုပ်ဖို့ အမိန့်ပေးညွှန်ကြားခိုင်းစေနေပါတယ်။ KNUတပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

စီရော်နယ်ဒိုကြောင့် ရှယ်ယာစျေးတွေတက်လာချိန်မှာ ရှယ်ယာ ပေါင် ၁၃၇ သန်းဖိုး ရောင်းချတော့မယ့် ဂလေဇာမိသားစု

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ မန်ယူအသင်းဟာ စီရော်နယ်ဒိုပြန်ရောက်လာပြီးကတည်းက အသင်းရဲ့ ရှယ်ယာစျေးတွေ တရိပ်ရိပ်တက်ခဲ့ပြီး အခုအခါမှာ ဂလေဇာမိသားစုကနေ ရှယ်ယာ ပေါင် ၁၃၇ သန်းတန်ကြေးရှိတဲ့ အစုရှယ်ယာတွေကို ရောင်းချတော့မယ်လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့အနီးက မြေပြန့်ရွာတွေကို စစ်နဲ့ရဲပူးပေါင်းအဖွဲ့ ၄ရက်ဆက် ခြိမ်းခြောက်လုယက်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နားဝန်းကျင်ကမြေပြန့်ရွာတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တို့ ၄ရက်ဆက်တိုက် ဝင်ရောက်ခြိမ်းခြောက် သေနတ်ပစ်ဖောက်ကာ ပစ္စည်းလုယက်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ၄ရက်နေ့က ပုလဲမြို့နယ်၊ကြောင်သန်းရွာသို့ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ လာ ရောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။ ‘စစ်ခွေးတွေပြန်သွားတဲ့အချိန် ရွာသားတွေကိုယ့်အိမ်ကိုယ်ပြန်လာတော့ တချို့အိမ်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါရွာသား ၅၀ကျော်ကို  စစ်အုပ်စု ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာက ဒေသခံ ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အောက်တိုဘာလ ၇ရက်နေ့ မနက်ပိုင်းမှာ ဂန့်ဂေါမြို့ကနေ ဟားခါးဘက်ကို ထွက်လာတဲ့ စစ်အုပ်စုယာဉ်တန်းဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုအကြိုက်  ပြည်သူသတ်လမ်းစဉ် ဆက်လက်အားကောင်းမယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေမဲ့ပြည်သူသတ်နေတဲ့လုပ်ငန်းစဥ်ဟာ ဆက်လက်အားကောင်းလာဖို့သာရှိ တယ်လို့ နိုင်ငံရေးလေ့လာသူအချို့က ဆိုပါတယ်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ အောက်တိုဘာ၅ရက်နေ့စာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးပြည်သူ ၁၁၅၈ဦးရှိပြီး အမှန်တကယ်ကျဆုံးမှုဟာ ဒါ့ထက် ပိုးများနိုင်တယ်လို့ဆိုပါတယ်။ ‘စစ်ခေါင်းဆောင်တွေမှာ ဘာနည်းပရိယာယ်မှမရှိဘူး။သူတို့သုံးနေတတာတစ်နည်းပဲရှိတယ်။အဲဒါက သူတို့သွား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ဖို့ WHO လုပ်ဆောင်နေ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ မြောက်ကိုရီးယားနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးဖို့ လုပ်ဆောင်နေပြီလို့CNA သတင်းဌာနက ဖော်ပြပါတယ်။ ပြင်ပအကူအညီတွေ လက်ခံလေ့မရှိတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် အခုလို ကူညီဖို့ လုပ်ဆောင်မှုဟာ ထူးခြားချက်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိမ်းရှောင်နေတဲ့ ရေးNLDဥက္ကဌ နေအိမ်ကို စစ်တပ်က သော့ဖျက်ဝင်ပြီး ပစ္စည်းတချို့သယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ တိမ်းရှောင်နေတဲ့ မွန်ပြည်နယ်၊ရေးမြို့နယ် NLDဥက္ကဌရဲ့ နေအိမ်ကို စစ်အုပ်စုတပ်တွေ သော့ဖျက်ဝင်ရောက်ရှာဖွေပြီး ပစ္စည်း တချို့ယူသွားတယ်လို့သိရပါတယ်။ ယမန်နေ့ညနေပိုင်းမှာ ရေးမြို့ပေါ်၊ ကျုံးပတ်လမ်း က ရေးမြို့နယ် NLDဥက္ကဌဦးကျော်မိုးအေးရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်ခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပါကစ္စတန်မှာ ငလျင်လှုပ်လို့ အနည်းဆုံး လူအယောက် ၂၀ သေ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်မှာ ငလျင်လှုပ်လို့ အနည်းဆုံး လူအယောက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ကနဦးဖော်ပြပါတယ်။ ရစ်ချ်တာစကေး ၅.၇ ပြင်းအားရှိတဲ့ ငလျင်ဟာ ဒီနေ့ အစောပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]