စစ်အုပ်စုအကြိုက်  ပြည်သူသတ်လမ်းစဉ် ဆက်လက်အားကောင်းမယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေမဲ့ပြည်သူသတ်နေတဲ့လုပ်ငန်းစဥ်ဟာ ဆက်လက်အားကောင်းလာဖို့သာရှိ တယ်လို့ နိုင်ငံရေးလေ့လာသူအချို့က ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ အောက်တိုဘာ၅ရက်နေ့စာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးပြည်သူ ၁၁၅၈ဦးရှိပြီး အမှန်တကယ်ကျဆုံးမှုဟာ ဒါ့ထက် ပိုးများနိုင်တယ်လို့ဆိုပါတယ်။

‘စစ်ခေါင်းဆောင်တွေမှာ ဘာနည်းပရိယာယ်မှမရှိဘူး။သူတို့သုံးနေတတာတစ်နည်းပဲရှိတယ်။အဲဒါက သူတို့သွား မယ့်လမ်းကိုဟန့်တားသူမှန်သမျှ သေနတ်နဲ့ပစ်တာပဲ’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ် ဦးကဆိုပါတယ်။

စစ်အုပ်စုဟာ အရပ်သားမရှောင် တိုက်ခိုက်ခြင်းနည်းကို မလျှော့တမ်းကျင့်သုံးနေပြီး ခုခံတော်လှန် ရေးပြောက်ကျားတွေကို လက်ခံထားတယ်လို့ သူတို့ယူဆတဲ့ ရွာမှန်သမျှ မီးလောင်တိုက်သွင်းနေဆဲပဲလို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

‘အဓိကကတော့ ပြောက်ကျားတွေကိုလက်ခံရင် ဒီလိုခံစားရမယ်ဆိုတဲ့ အသိမျိုး ရွာသားတွေကိုပေးချင်တာ။ဒါပေ မဲ့ သူတို့စစ်ခွေးတွေက စည်းကမ်းပျက်လွန်းတော့ ပြောက်ကျားနဲ့မဆိုင်လည်း ရွာထဲရောက်လာရင် လူကိုဒုက္ခ ပေး၊ပစ္စည်းတွေဗြောင်ယူနေကြတော့ ဘာမှမထူးပါဘူး’လို့ ဒေါင်းနက်ပြောက်ကျားရဲဘော်တစ်ဦးကပြော ပါတယ်။

မုံရွာအခြေစိုက်နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက စစ်အုပ်စုရဲ့လမ်းဟာ လူသတ်ခြင်းမှာ လမ်းဆုံးနေပြီလို့ကောက်ချက်ချပါတယ်။