ဒေသအလိုက် သတင်းကဏ္ဍ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့မှာ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။ ဂန့်ဂေါ်မြို့နယ်၊မြောက်ပိုင်း ကန်ရွာ၊ ကန်သာရွာ၊ မွေ့လယ်ကျေးရွာတွေအပြင် တောင်ခင်ရန်အထိပါ ဆက်သွယ်မရတော့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။ လက်ရှိမှာလည်း ကလေးမြို့ကနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့လို့ ယူဆရတဲ့ စစ်တပ်သုံးရဟတ်ယာဉ်တွေ ပျံသန်းနေတယ်လို့လည်း မြို့ခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမှာ စစ်အုပ်စုတပ်တွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနဲ့ဂေါ့အင်းကျေးရွာမှာ ဇွန်လ ၁၆ ရက်နေ့ညပိုင်းနဲ့ ၁၇ ရက်နေ့ မနက်အစောပိုင်းတွေမှာ အကြမ်းစစ်အုပ်စုတပ်တွေဝင်ရောက် ပစ်ခတ်တာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၂ လုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားမှာ အူလမ်းကြောင်းဆိုင်ရာဝေဒနာခံစားနေတဲ့ မိသားစု ၈၀၀အတွက် အကူအညီတွေ ပြင်ဆင်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တခြားအကြီးတန်းအရာရှိတွေက အမည်မသိအူလမ်းကြောင်းရောဂါဝေဒနာခံစားနေရတဲ့မိသားစု ၈၀၀ အတွက် အထောက်အပံ့တွေ ပြင်ဆင်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ ၁၇ရက်နေ့မှာ ဖော်ပြထားပါတယ်။ နိုင်ငံပိုင်မီဒီယာက ဖော်ပြချက်မှာ ဘာရောဂါလည်းဆိုတာကိုတော့ မဖော်ပြထားပါဘူး။ “အာဏာပိုင်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့နေရာအနှံ့မှာ တစ်ရက်တည်း ဗုံးပေါက်ကွဲမှု ၂၀ကျော်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ဇွန် ၁၆ရက်နေ့ တစ်ရက်တည်း ဗုံးပေါက်ကွဲမှု ၂၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ မနေ့က မနက် ၅နာရီကျော်လောက်ကနေစပြီး ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ မြောက်ဥက္ကလာလျှပ်စစ်ရုံးအနီးမှာ တစ်ကြိမ်၊မနက် ၁၁နာရီ မိနစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ကွပ်မျက်မယ့်အစီအစဉ် လူအခွင့်အရေး ၁၁၂ဖွဲ့ ကန့်ကွက်

အကြမ်းဖက်စစ်အုပ်စုရဲ့ ကွပ်မျက်မယ့်အစီအစဉ်ကို ချက်ချင်းရပ်ဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အပါအဝင် လူ့အခွင့်အရေးအဖွဲ့ ၁၁၂ဖွဲ့ က ဇွန်၁၆ရက်မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Burma Act 2021 ဥပဒေကိုအတည်ပြုပေးဖို့ ကန်အမတ်တချို့နဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ Burma Act 2021 ဥပဒေကိုအတည်ပြုပေးဖို့ မယ်ရီလန်းပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားများအဖွဲ့ဟာ အမေရိကန်အထက်လွှတ်တော်အမတ်တချို့နဲ့ သွားရောက်တွေ့ဆုံတိုက် တွန်း ခဲ့ကြောင်းသိရပါတယ်။ နိတ်တာ Chuck Grassley နဲ့ ဆီနိတ်တာ Josh Hawley တို့ အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်ကလေးနှစ်ဦး ရေနစ်သေဆုံး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Lungbyn ရွာ Lungbou စစ်ဘေးရှောင်စခန်းက ကလေးငယ် နှစ်ဦးဟာ မနေ့က ဇွန်လ ၁၆ ရက်နေ့မှာ ရေကန်ထဲပြုတ်ကျပြီးရေနစ်သေဆုံးကြတယ်လို့ သိရပါတယ်။ သေဆုံးတဲ့ကလေးနှစ်ဦးဟာ မတူပီမြို့နယ် ရေဇွာမြို့ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ဆယ့်သုံးနှစ်အရွယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရ ထပ်တိုးအရေးယူပိတ်ဆို့

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရက ထပ်တိုးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြောင်း ဇွန်၁၆ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းတွေ အထောက်အပံ့ပေးရာမှာ တာဝန်ရှိတဲ့ မြန်မာကုမ္ပဏီတွေဖြစ် တဲ့ Synpex Shwe Company Ltd၊ Myanmar New [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေး နည်းလမ်းသစ်တွေ ဖော်ဆောင်ဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာ့အရေး နည်းလမ်းသစ်တွေ ဖော်ဆောင်ဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း လိုက်ပါတယ်။ ဇွန်၁၆ရက်နေ့၊အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အထူးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် အမျိူးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားအလံတင်သင်္ဘောတွေက ယူကရိန်းရဲ့စပါးတွေကို ဆီးရီးယားနိုင်ငံဆီ ပို့ဆောင်

ရုရှားအလံတင်ထားတဲ့သင်္ဘောတွေဟာ ပြီးခဲ့တဲ့ရာသီက ယူကရိန်းမှာရိတ်သိမ်းထားတဲ့ ဂျုံစပါးတွေကို တင်ဆောင်ပြီး ဆီးရီးယားဆီ ပို့ဆောင်ခဲ့တယ်လို့ အမေရိကန် ဂြိုဟ်တုဓာတ်ပုံကုမ္ပဏီ Maxar က ဇွန်လ ၁၆ရက်နေ့မှာ ပြောပါတယ်။ Maxar ရဲ့ဓာတ်ပုံတွေမှာ ရုရှားအလံတင်သင်္ဘောနှစ်စင်းဟာ မေလအတွင်း ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဆိပ်ကမ်း [ဆက်လက်ဖတ်ရှုရန်]