မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့မှာ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
ဂန့်ဂေါ်မြို့နယ်၊မြောက်ပိုင်း ကန်ရွာ၊ ကန်သာရွာ၊ မွေ့လယ်ကျေးရွာတွေအပြင် တောင်ခင်ရန်အထိပါ ဆက်သွယ်မရတော့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာလည်း ကလေးမြို့ကနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့လို့ ယူဆရတဲ့ စစ်တပ်သုံးရဟတ်ယာဉ်တွေ ပျံသန်းနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကန်ရွာမှာ စခန်းချနေတာပါ။
အဲ့ဒီနောက် တခြားကျေးရွာကနေ လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းပြီးနောက် ကျေးရွာဒေသခံတွေကို ဖမ်းဆီးတာတွေ၊နေအိမ်တွေကို မီးရှို့တာတွေအပြင် မီးငြိမ်းသတ်ဖို့လာတဲ့ ကျေးရွာဒေသခံတွေပါ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ဒီလိုအခြေအနေတွေကြောင့်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တုန့်ပြန်ဖို့ပြင်ဆင်နေတယ်လို့ ဆိုထားပါတယ်။