ဆောင်းပါး

တောင့်ထားကြ တို့ပြည်သူ

တိုင်းပြည်ရဲ့ကံကြမ္မာက ကျနော်တို့မျှော်မှန်းထားတာထက် ပိုနက်ရှိုင်းလို့လာလေပြီ။၂၀၂၁ခုနှစ် ဖေ ဖေါ်ဝါရီ၁ရက်နေ့၊အာဏာသိမ်းပြီးချိန်ကစလို့ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့တဲ့အမှောင်ဟာ ၆လတာကာလကို ရောက်တော့ သိသိသာသာ။၂၀၂၁ခုနှစ်၊နှစ်ကုန်ပိုင်းကျတော့ ကျနော်တို့ရဲ့နေ့တွေဟာ ပိုမိုနက်ရှိုင်းတဲ့အ မှောင်ထုကြီးဆီ မြန်မြန်ဆန်ဆန်တိုးဝင်နေပြီဖြစ်ကြောင်း ကိုယ်စီနားလည် လိုက်ကြတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သိပ်မကြာ၊သူဆုတ်ကိုယ်ဆုတ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရုပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်တင်သင်္ဘောကို ထုတ်ဖော်ပြသ

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ ဖူကျန့်ပြည်နယ်အမည်ကိုယူပြီး ဖူကျန့်လို့အမည်ပေးထားတဲ့ သူ့ရဲ့တတိယမြောက် လေယာဉ်တင်သင်္ဘောကို ဇွန်လ ၁၇ရက်နေ့မှာ ရေချခဲ့ပါတယ်။ တရုတ်ဟာ သူ့ရဲ့စစ်တပ်ကို ခေတ်မီတိုးတက်စေတဲ့ပြယုဂ်အဖြစ် ပြိုင်ဘက်နိုင်ငံတွေကို ရည်ရွယ်ပြီး သဘောထားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒါဇင်နဲ့ချီတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ အမျိုးသမီးတွေဦးဆောင် ချီတက်ဆန္ဒပြ

ကလေးမြို့မှာ”လိင်အကြမ်းဖက် မုဒိမ်းစစ်တပ် ငါတို့လက်နဲ့အဆုံးသတ် “စာသားကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက အမျိုးသမီးတွေ ဦးဆောင်ကာ ဒီနေ့ ဇွန်လ၁၈ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ကလေးမြို့ပင်မသပိတ်အင်အားစုက ပြည်သူတွေဟာ(၄၉၆)ရက်မြောက်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံနေရာအနှံ့မှာ အကြမ်းဖက်စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမြို့နယ်အတွင်းက တိုက်ပွဲနှစ်နေရာ စစ်သား ၄၀ထက်မနည်းသေဆုံးကြောင်းထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း တိုက်ပွဲ၂နေရာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား၄၀ထက်မနည်း သေဆုံခဲ့ကြောင်း သိရပါတယ်။ ဇွန်လ၁၇ရက်နေ့မှာ ကသာမြို့နယ်အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်၊ခြောက်မျက်နှာ၊အင်းကြီးလမ်း (၁၇)ကွက်အနီး ထိတွေ့မှုတစ် ကြိမ် ၊၁၄ ကျောက်တောင်အနီး စစ်သားတွေမိုင်းနှစ်လုံးမိမှု တစ် ကြိမ် နဲ့ညနေခင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုတောင်းလှုပ်ရှားမှုဆင်နွှဲကြဖို့ GSCB လှုံ့ဆော်

ဇွန်လ၁၉ရက်နေ့၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု ဆင်နွှဲကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က လှုံ့ဆော်လိုက်ပါတယ်။ ဇွန်လ ၁၉ရက်နေ့ မှာ တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံ လူထုကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းတွေအတွက်၊သေဒဏ်ချမှတ်ခံရတဲ့ ရဲဘော်တွေအတွက်၊ အခုချိန်ထိ ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းတို့အတွက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါနယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနက်ကတည်းက ဂန့်ဂေါခရိုင် ကန်၊ ကန်သာ၊ မွေ့လယ်၊ တောင်ခင်ရန်းရွာအထိ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး နှမ်းခါးကျေးရွာဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ “နှမ်းခါးမှာတိုက်နေကြတာ ကြားရသလောက်တော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း ဆားမလောက်မှာ စစ်သားနဲ့ရဲ ပစ်ခတ်မှု ဖြစ်ပွား

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ အထက်တန်းကျောင်းရှေ့မှာဒီနေ့ ဇွန်လ ၁၇ရက်နေ့ ညနေ ၃ နာရီခန့်က သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ “ ဘယ်က စပြီးဖြစ်ကြတာလဲတော့ မသိဘူးဗျ ။ သေနတ်သံတွေကြားမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လောင်စာဆီအတွက် အိန္ဒိယဆီက ဒေါ်လာ သန်း ၅၀၀ချေးယူထားတယ်လို့ သီရိလင်္ကာပြော

သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီအတွက်  အိန္ဒိယအစိုးရဆီကနေ ဒေါ်လာ သန်း ၅၀၀ ချေးငွေ ရယူဖို့ တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ နိုင်ငံရဲ့လောင်စာဆီသိုလှောင်မှုမှာ နောက်ထပ်ငါးရက်ခန့်သာ ကျန်တော့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး Wijesekera က ဇွန်လ ၁၆ရက်နေ့မှာ ပြောပါတယ်။ လူဦးရေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ၆၉နှစ်မြောက် မွေးနေ့အတွက် ဂုဏ်ပြုဖုန်းခေါ်ဆို

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူ့ရဲ့၆၉ နှစ်မြောက်မွေးနေ့ကို ဗလာဒီမာပူတင်နဲ့ အပြန်အလှန် ဖုန်းခေါ်ဆိုပြီး ဂုဏ်ပြုကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုမှုမှာ မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို နှစ်ဘက်စလုံးက တင်ပြခဲ့ကြပြီး  မော်စကိုရဲ့ ယူကရိန်းကျူးကျော်မှုအပေါ်  တရုတ်ကထောက်ခံတယ်လို့ ရုရှားက အရိပ်အမြွက် ပြောလာပါတယ်။ အလားတူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေးမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၂ယောက် ပစ်သတ်ခံရ

မွန်ပြည်နယ် ၊ ရေးမြို့က ဇော်လတ်လက်ဖက်ရည်ဆိုင်မှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၂ယောက် သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီနေ့ မနက် ၈နာရီလောက်မှာ ကိုကြည်ဟိန်းနဲ့ကိုအရှည်ကြီးတို့ [ဆက်လက်ဖတ်ရှုရန်]