တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်တင်သင်္ဘောကို ထုတ်ဖော်ပြသ

Photo – AFP/CCTV

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ ဖူကျန့်ပြည်နယ်အမည်ကိုယူပြီး ဖူကျန့်လို့အမည်ပေးထားတဲ့ သူ့ရဲ့တတိယမြောက် လေယာဉ်တင်သင်္ဘောကို ဇွန်လ ၁၇ရက်နေ့မှာ ရေချခဲ့ပါတယ်။

တရုတ်ဟာ သူ့ရဲ့စစ်တပ်ကို ခေတ်မီတိုးတက်စေတဲ့ပြယုဂ်အဖြစ် ပြိုင်ဘက်နိုင်ငံတွေကို ရည်ရွယ်ပြီး သဘောထားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါဇင်နဲ့ချီတဲ့ ရေတပ်သားတွေဟာ သင်္ဘောရှေ့မှာ တန်းစီကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ပြီး ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ Xu Qiliang အပါအဝင် အကြီးတန်းအရာရှိတွေ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်က ပိုင်ဆိုင်တယ်လို့ ဆိုထားတဲ့ ထိုင်ဝမ်ကျွန်းနဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သတ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ လေယာဉ်တင်သင်္ဘောသစ်ကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ 

ထိုင်ဝမ်ဟာ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံဖြစ်ပေမယ့် တရုတ်အနေနဲ့ အဲဒီကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ပြီး  သူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်ဖို့ အင်အားသုံးတာကို ဘယ်အခါကမှ စွန့်လွှတ်တာတွေမရှိခဲ့ပါဘူး။

တရုတ်ဟာ လေယာဉ်တင်သင်္ဘောတွေကို လည်ပတ်နိုင်ပြီး သင်္ဘောကိုတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ ပူးတွဲလှုူပ်ရှားနိုင်ဖို့ ပြင်ဆင်နေတာပါ။ ဒါဟာ အမေရိကန်အနေနဲ့ ဆယ်စုနှစ်ချီလုပ်ဆောင်ခဲ့တာတဲ့ အလားတူ လှုပ်ရှားမှုမျိုးနဲ့ ဆင်တူပါတယ်။ 

အမေရိကန်တနိုင်ငံတည်းမှာ  လေယာဉ်တင်သင်္ဘော ၁၁ စီး ပိုင်ဆိုင်ထားတာပါ။