မတ်၊ ၁၀
ဧရာဝတီတိုင်း ငပုတောမြို့နယ် က ငရုတ်ကောင်း နယ်မြေရဲစခန်းမှာ မတ်လ ၉ရက် မနေ့က ညပိုင်းမှာပေါက်ကွဲမှု ဖြစ်ပြီး ရဲတဦး ဒဏ်ရာရသွားတယ် လို့ ဒေသခံ တွေဆီက သိရပါတယ်။
အဲ့ဒီ ရဲစခန်းက သက်သေခံပစ္စည်း တွေ ထိန်းသိမ်းထားတဲ့ အခန်းအတွင်းကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပြီးအခန်းအနီး ရှိနေတဲ့ ရဲတဦး ဒဏ်ရာ ရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူး လို့ ဒေသခံ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူ တချို့က ဆိုပါတယ်။
“အုန်းကနဲ အုန်းကနဲ ပေါက်ကွဲသံ ဆက်တိုက် နှစ်ခါ ကြား ရတယ် အိမ် နဲ့ မြေကြီးတောင်တုန်သွားတယ် ဒုတိယမြောက် အသံက ပိုကျယ်တယ်” လို့ ရဲစခန်း အနီး ရပ်ကွက် အတွင်း နေထိုင်သူ တဦး က DNA ကိုပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိတဲ့ ရဲက ငရုတ် ကောင်း ဆေးရုံမှာ ကုသမှု ခံယူနေပြီး သက်သေခံ ပစ္စည်း တွေ ထား တဲ့ အခန်း ပျက်စီးကာ အဲ့ဒီ အ ခန်းနဲ့ ဘေးချင်းကပ် လက်နက် သိုလှောင်ရုံ အခန်းလည်း အမိုး နဲ့ နံရံ တွေ ပျက်စီး သွားခဲ့တယ် လို့ ဆက်သိရပါတယ်။
သက်သေခံပစ္စည်း အခန်းထဲမှာ သိမ်းဆည်းထားတဲ့ ပေါက်ကွဲ စေနိုင် တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ ကျည် နဲ့ ယမ်းမှုန့် တွေ အပူလွန်ကဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ တာလို့ ရဲစခန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်မတ်လ ၁၀ ရက်ဒီကနေ့ မနက်ပိုင်းမှာ ပုသိမ်ခရိုင် ရဲတပ်ဖွဲမှူး နဲ့ အဖွဲ့ လာရောက် ပြီး သက် သေခံ ပစ္စည်း ခန်း တာဝန်ခံ ရဲကို အချုပ်နဲ့ ထားရှိ ကာ စစ်ဆေး နေတယ် လို့ ရဲသတင်း တပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဆီက သိရပါ တယ်။
ပြီးခဲ့ တဲ့ ဇန်နဝါရီလ ၁၅ ရက် က ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း ကမ်းခြေမြို့ သစ်တောတွင်းမှာရှိတဲ့ ဒေ သကာကွယ်ရေး တပ်တွေရဲ့ တောတွင်းစခန်းက လက်နက်ခဲယမ်းတွေကို စစ်ကောင်စီက သိမ်းဆည်း ရမိခဲ့ ဘူးပါတယ်။