ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၂ဦးသေဆုံး

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၃ရက်နေ့က ကိုဗစ်လူနာ (၂)ဦးသာသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၈၆)ဦးအပါအ၀င် စုစုပေါင်း (၁၀၉၆)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

ပန်ဆိုင်းဒေသမှာ ကိုးကန့်တပ်နဲ့ စစ်အုပ်စုတပ် တိုက်ပွဲတွေ ဆက်ဖြစ်နေ

Read Next

ဖျာပုံခရိုင်က အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားထား