မြိုင်နယ်မှာ အာဏာသိမ်းစစ်တပ်က တရက်တည်းလေကြောင်းတိုက်ခိုက်မှုသုံးကြိမ်လုပ်

မတ်၊ ၁၀

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းက M.O.G.Eပိုင် ရေနံမြေစခန်းအတွင်းက စစ်တပ်စခန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက တရက်တည်လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် အထိ လုပ်ခဲ့တယ်လို့ ဒေသံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

မြိုင်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း M.O.G.E ပိုင် ရေနံမြေစခန်း တခုမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၉ရက် မနေ့က မနက်ပိုင်းမှာ ဒေသတော်လှန်ရေး အင် အားစုတွေက ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲ့ဒီလိုစီးနင်းတိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီက MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးနဲ့ သုံးကြိမ်အထိ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခံရပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင် တွေနဲ့ ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ မနေ့ကစီးနင်းတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ကျားသစ်နက်တပ်မတော် ( B. L. P. A )သတင်းပြန်ကြားရေးကော်မတီတာဝန်ရှိသူတဦးကDNAကိုပြောပါတယ်။

စစ်အုပ်စုတပ်စွဲထားတဲ့ ရေနံမြေစခန်းကို စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒုတပ်စိတ်မှူးတဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သူကပြော ပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသူဟာ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်း တပ်ခွဲ-၃ Black God ပြောက်ကျားတပ်ဖွဲ့ က ဒုတပ်စိတ်မှူးဇာနည်ဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ အ တည်ပြုနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီက Mi-35 နှစ်စီးနဲ့ ဗုံးကျဲ ခဲ့သလိုပေါက်မြို့ နယ် မြောက် ပိုင်းကိုဦး တည်ပစ်ခတ်တာတွေလုပ်ခဲ့တဲ့အတွက်ထန်းပေါက်ကုန်းရွာသားတဦးဒဏ်ရာရပြီး ရွာရှိအိမ်ခြေအများ အပြား လဲ မီးလောင်ပျက်ဆီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရေနံမြေစခန်းကိုတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး အဆောက်အအုံတချို့မီးရှို့ ဖျက် ဆီးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( B. L. P. A )သတင်းပြန်ကြားရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

မကွေးတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲပါဝင်တဲ့ မြိုင်နယ်နဲ့ ပေါက်မြို့နယ် တွေ အတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဘက်တိုက်ပွဲတွေ၊စစ်ကောင်စီက စစ်ကြောင်းထိုးနေ တာတွေကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

“မြိုင်နယ်နဲ့ ပေါက်နယ်ထိစပ်ဧရိယာမှာတော့ စကစဘက်ကနေ စစ်ရေးလှုပ်ရှားမှု့တွေ တိုးမြင့်အင်အားချ ထားတာတွေ လုပ်နေတယ်ဗျ၊ပြည်သူတွေအနေနဲ့ကတော့စစ်ကြောင်းဧရိယာတဝိုက်မှာ လိုရင်လိုသလို ရွေ့ လျားနေရတယ်ပေါ့ဗျာ”လို့ပေါက်ဒေသခံတဦးကပြောပါတယ်။ 

လက်ရှိမြိုင်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး ရဲစခန်းနဲ့ ပျူရွာတွေအနီးမှာရှိနေတဲ့ ကျေးရွာဆယ်ရွာကထောင်နဲ့ချီတဲ့ ဒေသ ခံတွေအပါအဝင်မြိုင်မြို့နယ်အတွင်းစသ်ဘေးရှောင်သောင်းဂဏန်းဝန်းကျင်ရှိနေတယ်လို့ ဒေသတွင်း စစ်ရှောင် ကူ ညီသူတွေကပြောပါတယ်။