
ယင်းမာပင်မှာ လူထုနဲ့ချီတက် ဆန္ဒပြပြီး နိုင်ငံရေး တရားဟောပြောပွဲ ပြုလုပ်


ဖေဖော်ဝါရီ၊ ၂၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့ အနီးနားကျေးရွာတွေက ဒေသခံငါးထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်မနေ့ညပိုင်းက [ဆက်လက်ဖတ်ရှုရန်]
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မသင်္ကာမှုနဲ့ ရန်ငြှိုးရန်စတွေကို အခြေခံပြီး လူဆယ်ဦးသတ်ဖြတ်ခဲ့တဲ့ ပြစ်မှု ကျူးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ NUG ကာ ကွယ်ရေး ဝန် ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် NUG အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]
မတ်၊ ၆ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ထန်းတောကြီးကျေးရွာကိုဒီကနေ့နေ့လည်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်ရွာကိုမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တဦးရဲ့ဖခင်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ပြီးတနာရီလောက်အကြာမှာပဲမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့အသက်သုံးဆယ်ကျော်အရွယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်ရဲ့ဖခင်ဟာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီးအခုလိုသတ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ “ထန်းတောကြီးရွာမီးလောင်တာကိုငြိမ်းဖို့သွားတာ မိသွားတာကိုစာသင်ကျောင်းမှာ လက်တွေခြေတွေကိုကြိုးတုပ်ပြီးပစ်သတ်ပြီးအမှိုက်ပုံထဲမှာ ထားခဲ့တာ။သူ့သားရဲဘော်လေးကလဲဆယ်တန်းကျောင်းသားကနေပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်လာတာ။သတ်ပြီးမှကျေးစာကျကိုဆက်ဝင်တာ။ခုတော့တခြားရွာကိုရောက်နေပြီ။ပြေးနေရတာရွာ ငါးရွာမကဘူး။လမ်းမှာဆိုင်ကယ်ပါတာတောင် ဆီပြတ်တဲ့သူကပြတ်၊မသိတဲ့သူတွေအိမ်လဲတောင်းပန်ပြီးဝင်အိပ်ရ၊ဒါနဲ့ဆိုရွာကိုမီးရှို့တာငါးခါရှိပြီ”လို့ထန်းတောကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။ သေဆုံးသူရဲ့သားဖြစ်သူဟာဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသားတဦးဖြစ်ပြီးလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာစစ်ကောင်စီတပ်တွေကိုခုခံတော်လှန်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ထန်းတောကြီး၊ကျေးစာကျ၊ဘိစန၊မျက်ရွှေနီရွာတွေကဒေသခံထောင်ဂဏန်းခန့်ဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
© 2026 Delta News Agency. All Rights Reserved.