
ဒီနေ့ ကလေးမြို့ သပိတ်


မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အလည်ဘုံရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တလုံးမီးလောင်ကျွမ်းပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ “အလယ်ဘုံရွာဆိုတာကပုလဲမြို့ပေါ်ကရပ်ကွက်တခုလိုပဲ။ထွေအုပ်ရုံးနဲ့က ၁ဖာလုံလောက်ပဲဝေးတာ။ထွေအုပ်ရုံးရေစင်ပေါ်ကနေရွာထဲကိုလက်နှက်ကြီးနဲ့ပစ်တာ ။ရွာအစွန်ကအဖွားတယောက်ရဲ့အိမ်ပေါ်ကျတာ။ရေတွင်းမိုးတဲ့အဆောင်လေးပါမီးလောင်တယ် ။ပြည်သူတွေဝိုင်းငြိမ်းလို့ဆက်မကူးတာ”လို့ပုလဲမြို့ကဒေသတွင်းအခြေနေတွေကိုဖော်ပြပေးနေတဲ့Pale Entertainmentကကိုနေသူရိန်ကပြောပါတယ် ။ အဆိုပါစစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေမီးငြှိမ်းသတ်နေချိန်မှာလည်းလက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်။ အဆိုပါလက်နှက်ကြီးထိမှန်မှုကြောင့်အဖွားအိုတဦးမှာပေါင်အချက်၂၀ချုပ်ရပြီး ၊နောက်အမျိုးသားတဦးဟာခြေသလုံးနှစ်ဖက်လုံးပွင့်ထွက်သွားခဲ့ပါတယ်။ နောက်တဦးဟာ၂ချက်ခန့်ချူပ်ရပြီးကျန်တဦးကတော့ လည်ပင်းနဲ့ ကျောမှာပေါက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။ ပုလဲမြို့ပေါ်မျာစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမရှိတဲ့အခါမျိုးမှာမြို့ပြင်မထွက်ရဲပဲမြို့စောင့်တပ်အနေနဲ့သာနေထိုင်နေကြတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ဩဂုတ် ၊ ၁၇ မြေပြင်တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့ တရက်တည်း ဂျက်ဖိုက်တာ၊Y-12နဲ့ MI-35 တွေသုံးပြီး လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်လုပ်ထားသလို မန္တလေး ငါန်းဇွန်မြို့နယ်မှာလည်း တိုက်ပွဲ မရှိဘဲ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်၊ မိုးလေဝသရုံးအနီးမှာ ဆေးခန်းဖွင့်ထားတဲ့ ကလေးမြို့ပြည်သူ့ဆေးရုံ လက်ထောက်ဆေးရုံအုပ် ဒေါက်တာမြင့်မိုရ်ကျော်နဲ့ အဲ့ဒီရပ်ကွက်က လူငယ်လေးဦးကို စစ်ကောင်စီက ဒီဇင်ဘာ (၂၅) ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အာဏာသိမ်းကာလ CDM လှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲ [ဆက်လက်ဖတ်ရှုရန်]
© 2026 Delta News Agency. All Rights Reserved.