ကလေးနယ် မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံး

နို၀င်ဘာ ၊ ၄

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းက မြောက်စည်းရွာ ရဲစခန်းကို ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် တော် လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 “တိုက်ပွဲအတွင်း ကျတာမဟုတ်ဘဲနဲ့ စခန်းသိမ်းပြီးမှကျတာဆိုတော့ ပိုခံစားရတယ်၊ကျတဲ့ရဲဘော်သုံးဦးထဲမှာ ကျွန် မတို့ရွာကတဦးပါတယ်” လို့ ကလေးတောင်ပိုင်း ကျေးရွာတရွာက အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။

 အဲ့ဒီရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က မနက်သုံးနာရီလောက်ကတည်းက စတင်တိုက်ခိုက်နေ တာဖြစ်ပြီး မနေ့ကတည်းကသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပေမယ့် ဒီက နေ့မနက်မှာမှအပြီးသတ်သိမ်းပိုက်နိုင်တာလို့ တိုက်ပွဲမှာပါဝင်တဲ့ CDF-KKG နဲ့ ဒေသခံတွေကပြောပါတယ်။

 တော်လှန်ရေးပူးပေါင်းတပ်က မြောက်စည်းရွာရဲစခန်းကို သိမ်းပိုက်ပြီးနောက် တနာရီဝန်းကျင်အကြာ ဒီကနေ့မ နက်ကိုးနာရီဝန်းကျင်မှာ စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

 အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင့် အသက်၁၉နှစ်အရွယ် CNDF တပ်ဖွဲ့ဝင် ဆလိုင်းကျုံးသဲနဲ့ Ranger Kalay Defend Force-RKDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုမင်းခန့်နိုင်နဲ့ကိုညိုလုံးတို့ နှစ်ဦးကျဆုံးသွားတာလို့သိရပါတယ်။

 ဒါ့အပြင် နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးလည်း ဒဏ်ရာရခဲ့ကြပေမယ့် စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ဘူးလို့ဆိုပါတယ်။

 မြောက်စည်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီအဖွဲ့ဝင်တွေသေဆုံးထိခိုက်မှုရှိသလို လက်နက် ခဲယမ်းတွေလည်းသိမ်းပိုက်ရရှိတယ်လို့သိရပေမယ့် အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်သေး ပါဘူး။

 မြောက်စည်းရွာတိုက်ပွဲမှာ စစ်ကောင်စီက မနေ့ကလည်း MI-35 ရဟတ်ယာဉ်၊ဂျက်ဖိုက်တာ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 အဲ့ဒီတိုက်ပွဲကို CNDF၊CDF KKG ၊ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့အပါအဝင် ဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။