၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်နဲ့ ပတ်သက်လို့ အာရှ-ပစိဖိတ်နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားဖို့ ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ သတိပေးလိုက်ပါပြီ။
ကျန်းမာရေး စောင့်ရှောက်မှု အစီအမံအသစ်တွေကို အရှိန်မြှင့်တင်ဖို့လိုအပ်ပြီး ကူးစက်မှုတွေ မမြင်မားလာခင် အခုကတည်းက ပြင်ဆင်မှုတွေ ပြုုလုပ်သင့်ပြီလို့ သတိပေးခဲ့တာပါ။
လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ မျိုးကွဲသစ် အိုမီခရွန် ကူးစက်မှု အနည်းဆုံး ၁၀ ဦးရှိလာပြီဖြစ်သလို ကမ္ဘာ့နိုင်ငံပေါင်း ၃၂ နိုင်ငံနီးပါးမှာလည်း ကူးစက်မှုတွေ ဖြစ်ပေါ်နေတာပါ။
မျိုးကွဲသစ် အိုမီခရွန်ဟာ ကူးစက်မှု မြင့်မားတဲ့ မျိုးကွဲသစ်တစ်ခုဖြစ်ပေမယ့် ထိခိုက်သက်ရောက်မှုတော့ နည်းနိုင်တယ်ဆိုတဲ့ ရေးသားဖော်ပြမှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ WHO ကတော့ ဒီမျိုးကွဲသစ်နဲ့ ပတ်သက်လို့ သိပ္ပနည်းကျ အသေးစိတ် အချက်အလက်ကို အတိအကျ ဖော်ပြထားတာတွေ မရှိသေးဘဲ ဆေးထိုးနှံမှုတွေ အပြည့်အဝ ပြုလုပ်ဖို့နဲ့ အခြေခံ ကျန်းမာရေးအသိနဲ့သာ နေထိုင်ကြဖို့ အကြံပေးထားပါတယ်။