နယ်မြေကျူးလာတဲ့ အကြမ်းဖက်စစ်တပ် KNU တိုက်ခိုက်လို့ ၃ဦးသေ

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ကော့ကရိတ်တောင်ခြေအနီး KNUနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ဦးသေတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေအနီးသို့ နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ဒီနေ့မနက် ၇ နာရီခွဲလောက်ကတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံ မီဒီယာKlo FM ကဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ် ခမရ-၅၅၆ဟာ ယမန်နေ့ကတည်းက အာရှလမ်းမနဲ့ကိုက် ၃၀၀အကွာမှာရှိတဲ့ ကေအဲန်ယူထိန်းချုပ် နယ်မြေ ထဲ ရောက်ရှိလာတာလို့သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကေအဲန်ယူ မွေးမြူရေးနဲ့ ရေလုပ်ငန်းဇုန် အတွင်းဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးနဲ့ ကော့ကရိတ်ရွာသစ်အနီးတို့မှာ စစ်အုပ်စုဘက်က လုံခြုံရေးတပ်တွေ တိုးမြှင့်ချထားတယ်လို့သိရပါတယ်။