မြန်မာနိုင်ငံသားတွေကို ဘုရားသခင် ငြိမ်းချမ်းရေးလက်ဆောင်ပေးဖို့ ပုပ်ရဟန်းမင်းကြီးဆုတောင်းပေး

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ဖိစီးနှိပ်စက်မှုခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ဘုရားသခင်က ငြိမ်းချမ်းရေးလက်ဆောင်ပေးဖို့ ပုပ်ရဟန်း မင်း ကြီး ကဆုတောင်းပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အောက်တိုဘာ ၃ရက်နေ့က ဘာတီကန်နိုင်ငံ၊စိန့်ပီတာရင်ပြင်မှကျင်းပတဲ့ စုဝေးဆု တောင်းပွဲမှာ မြန်မာနိုင်ငံသားတွေ ငြိမ်းချမ်းမှုရစေဖို့ ဆုတောင်းပေးခဲ့တာပါ။

ဖေဖေါ်ဝါရီ၁ရက်နေ့၊စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ မြန်မာတစ်နိုင်ငံလုံး အမှောင်ကျခဲ့သလို အ ကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်ညှင်းပန်းမှုတွေအပြင် တိုင်းပြည်စီးပွားရေးဇောက်ထိုးဆင်းနေတဲ့ဒဏ်ကိုလည်း မြန်မာပြည်သူတွေခံစားနေရပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူတွေအနေနဲ့ ဆိုးဝါးတဲ့ခံစားမှုတွေ၊သေဆုံးရ မှုတွေကြောင့် မျက်ရည်မဆည်နိုင်ဖြစ်နေကြပေမဲ့ ငြိမ်းချမ်းမှုရှိလာဖို့အတွက် အတူလက်တွဲလုပ်ဆောင်ပြီး အခက် အခဲတွေကို အတူကျော်ဖြတ်နိုင်အောင်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင်လည်း ဆုတောင်းပေးခဲ့ပါတယ်။

‘ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ်။ဘာသာရေးအစွန်းရောက်ခြင်းကင်းပြီး တောင်တန်း၊ပြည်မမကျန် စစ်မှန်တဲ့ဖက်ဒရယ်အုပ်ချုပ်ခွင့်အောက်မှာစစ်မှန်တဲ့ငြိမ်းချမ်းရေးကို မြန်မာနိုင်ငံသားတွေ အမြန်ဆုံး ရစေချင် ပါတယ်။’လို့ မရမ်းကုန်းမြို့နယ်နေ၊ဘာသာပြန်လုပ်ငန်းလုပ်ကိုင်သူ ခရစ်ယာန်တစ်ဦးကပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ခုနှစ်နိုဝင်ဘာ၂၇ရက်ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လာရောက်လာခဲ့ရာမှာမြန်မာ ခရစ်ယာန်ဘာသာ၀င်တွေသာမကအင်မတန်များတဲ့ မြန်မာပြည်သူတို့ကပါ လှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။