တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာလို့ တိုကျိုမှာ လေကြောင်းခရီးစဥ် ၃၅၀ ကျော် ဖျက်သိမ်း

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

မင်ဒူလေ့လို့ အမည်ရတဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဦးတည်လာလို့ လက်ရှိမှာ ဟာနီဒါလေဆိပ်ရဲ့ လေကြောင်းခရီးစဉ် ၃၅၀ ကျော်ကို ဖျက်သိမ်းလိုက်ရပြီဖြစ်တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

မင်ဒူလေ့မုန်တိုင်းဟာ ဂျပန်နိုင်ငံကို ဝင်ရောက်မယ့် ၁၆ ကြိမ်မြောက် မုန်တိုင်းဖြစ်လာမှာဖြစ်ပြီး ပစိဖိတ်ကမ်းရိုးတလျှောက်မှာ‌ ရွေ့လျားနေတာပါ။

သောကြာနေ့ ညနေပိုင်းလောက်မှာ တိုင်ဖွန်းမုန်တိုင်းဟာ စီရင်စု တိုကျိုမြို့နဲ့ ချီဘာစီရင်စုကို ဖြတ်ကျော်ရောက်ရှိနိုင်ပါတယ်။

မုန်တိုင်းရဲ့ ဗဟိုဖိအားဟာ ၉၄၅ ဟက်တိုပါစကယ်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး စက္ကန့်ကို မီတာ ၆၀ လောက် လေတိုက်နှုန်းရှိမယ်လို့ ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

လက်ရှိမှာတော့မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး မုန်တိုင်းရိုက်ခတ်မှုကြောင့် မိုးကြီးရေလျှံနိုင်တဲ့အပြင် မြေပြိုမှုအန္တရယ်တွေကိုပါ သတိထားဖို့ ဂျပန်အာဏာပိုင်တွေက ပြည်သူတွေကို အသိပေးထားပါတယ်။