ဖျာပုံက ဒလန်နှစ်ဦးကို PDFက ကျည်ဆံနဲ့သတိပေးစာပေးပို့

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

ဖျာပုံမြို့က စစ်တပ်သတင်းပေး ဒလန်နှစ်ဦးကို ဖျာပုံ PDF လူငယ်အဖွဲ့က စာတစ်စောင် ကျည်ခြောက်တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးပါဝင်တဲ့ သတိပေးစာကို သူတို့ရဲ့ Facebook စာမျက်နှာတွေကတဆင့် ပေးပို့ခဲ့ပါတယ်။

ချောင်းဝကျေးရွာက ဦးဌေးလွင်ဆိုသူနဲ့ တမံကျေးရွာက ဦးစိုးထွေးဆိုသူ နှစ်ဦးကို ပေးပို့ခဲ့တာပါ။

ဖျာပုံ PDF လူငယ်အဖွဲ့က ပေးပို့တဲ့ စာမှာတော့ “သို့ ဌေးလွင် (ဝါဇီ) ၊ ချောင်းဝကျေးရွာ ၊ဖျာပုံမြို့နယ်၊ စစ်တပ်ကို သတင်းပေးသည့်အပြင် ကျေးရွာထဲတွင် ထောက်ခံစာ အတင်းတောင်းပြီး လူတွင်ကျယ် လုပ်နေမှုအား ရပ်တန်းက ရပ်ရန် သတိပေးလိုက်သည်”။ “စိုးထွေး ဖျာပုံ တမံကျေးရွာ၊ မိမိဖာသာ အရက်ရောင်းစားပြီး အေးဆေးနေပါ။ စစ်တပ်သတင်းပေး လုပ်ပါက အာမ မခံပါ”လို့ ရေးသားထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စစ်တပ်သတင်းပေးလို့ နာမည်ကြီးနေတဲ့ ဒလန်တွေ အသတ်ခံရမှုဟာ ၃ကြိမ်အထိ ရှိလာပြီဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကလည်း သူတို့ရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေကို လက်နက်ကိုင်ဆောင်ခွင့်ပါ ပြုထားတယ်လို့ သိရပါတယ်။