ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၁၂ဦးသေဆုံး

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၄ရက်နေ့က ကိုဗစ်လူနာ (၁၂)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၃)ဦး ၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၉)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၂၆)ဦးအပါအ၀င် စုစုပေါင်း (၁၀၃၆)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

အကျဉ်းထောင်အတွင်း စိုးရိမ်ဖွယ်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး NUG က ကြေညာချက်ထုတ်ပြန် 

Read Next

ရန်ကုန်- အင်းစိန် မြို့ပတ်ရထားပေါ်မှာ သေနတ်နဲ့ ပစ်ခံရလို့ ရဲ ၄​ယောက်သေ