ပုသိမ်ကိုဗစ်လူနာ၆ဦးမှာအထည်ချုပ်နဲ့ ဆားစက်ဝန်ထမ်းတွေပါဝင်

၅၊ ဇန်နဝါရီ၊ ၂၀၂၀။

ပုသိမ်မြို့မှာဒီနေ့(၆)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်ဝါးယားချောင်းမှာနေထိုင်တဲ့ အသက်(၁၆)နှစ်အရွယ်ဒေါင်းလောင်းအထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ တစ်ပတ်ခန့်ဖျားပြီးအနံပျောက်နေကာ ဒီဇင်ဘာ(၃၁)ထိအလုပ်ဆင်းထားတယ်လို့ သိရပါတယ်။


ရန်ကုန်ရွှေပြည်သာက အိမ်တစ်ခုမှာသူနာပြုအကူလုပ်ခဲ့ကာ ပုသိမ်မြို့ကိုပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ ဝါးယားချောင်းကျေးရွာက အသက်(၃၁)နှစ်အရွယ်အမျိုးသမီးကိုစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။

ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ဝါးဘိုတောကျေးရွာမှာနေထိုင်တဲ့ ဒေါင်းလောင်းအထည်ချုပ်စက်ရုံက အသက်(၂၆)နှစ်အရွယ်အမျိုးသားဟာ အနံပျောက်နေတာကြောင့် သာသနာ့ဗိမာန်Fever Clinicကို သွားရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ မနေ့ကထိအလုပ်ဆင်းထားတယ်လို့ သိရပါတယ်။

ကမ်းနားလမ်း စိန်သရဖူရေခဲစက်၀န်းမှာ နေထိုင်တဲ့အသက်(၃၂)နှစ်အရွယ်အမျိုးသမီးနဲ့ ထွန်းသီရိအောင်ဆားစက်၀န်းက အသက်(၁၈)နှစ်အရွယ်အမျိုးသား ဆားစက်၀န်ထမ်းတို့နှစ်ဦးမှာ ရောဂါတွေ့ခဲ့ပါတယ်။ ဆားစက်နဲ့ရေခဲစက်၀န်ထမ်းတွေကို ကျန်းမာရေးအဖွဲ့ကစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကမ်းနားလမ်းရွှေဘုံသာက ကိုဗစ်လူနာတွေ့ရှိခဲ့တဲ့ အိမ်အနီးက သူတွေကို ကျန်းမာရေးအဖွဲ့ကစစ်ဆေးပေးရာက အသက်(၅၂)နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူဟာအနံပျောက်နေတာ(၁)ရက်ရှိနေပြီလို့ သိရပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၇၆၃)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ(၆၆၀)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။