၃၁၊ ဒီဇင်ဘာ၊ ၂၀၂၀။
ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။
ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတဲ့ ဟွာဘိုတိုင်းအထည်ချုပ်ဝန်ထမ်းလူနာ(၆၄၄)ရဲ့ယောက္ခမ ကန်သာယာ(၄)လမ်းနေ အသက်(၆၃)နှစ်အရွယ်အမျိုးသမီး၊ လွန်ကန်က အဆောင်ပိုင်ရှင်လူနာ(၆၄၂)နဲ့ ထိတွေ့မိတဲ့အသက်(၂၃)နှစ်အရွယ် အင်ဂျင်နီယာနဲ့ (၄၈)နှစ်အရွယ် ထမင်းချက်အမျိုးသမီးတို့မှာ ရောဂါတွေ့ခဲ့ပါတယ်။
တဂေါင်းဘုရားလမ်းကလူနာ(၆၄၅)ရဲ့ အသက်(၁၆)နှစ်အရွယ်သားဖြစ်သူ၊ ဦးလေးတော်တဲ့အသက် (၅၂)အရွယ်အမျိုးသားနဲ့ သူရဲ့ဇနီး(၄၁)နှစ်တို့မှာ ရောဂါတွေ့ခဲ့ပါတယ်။
သာသနာ့ဗိမာန် Fever Clinicကို အနံပျောက်လိုလာပြတဲ့သစ္စာလမ်းကအသက်(၃၀)နဲ့(၅၅)နှစ်အရွယ်အမျိုးသမီးနှစ်ဦးကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။
ဘူတာဈေးအနီးထမင်းကြော်ဆိုင်က လူနာ(၆၄၀)ရဲ့ခင်ပွန်းနဲ့ဖခင်နှစ်ဦး၊ ကျောက်စရစ်ကုန်းက လူနာ(၅၉၇)ရဲ့ အသက်၆နှစ်အရွယ်သားနဲ့(၇၆)နှစ်အရွယ်ယောက္ခမ၊
ဥမ္မာဒန္တီ (၁)လမ်းကလူနာ(၅၉၆)ရဲ့ အသက်(၃၀)အရွယ်ဇနီးဖြစ်သူတို့ ကူးစက်ခံခဲ့ရပါတယ်။
ပုသိမ်ကုလားစုမှာနေထိုင်တဲ့ ချိုင်မွန်စပေါ့အထည်ချုပ်စက်ရုံက အသက်(၂၁)အရွယ်အမျိုးသမီးမှာ ရောဂါတွေ့ခဲ့ပါတယ် ၊ သူဟာ လူနာ(၅၉၈)နဲ့အလုပ်အတူဆင်းခဲ့ပြီး
ဒီဇင်ဘာ(၂၄)ရက်နေ့ထိ အလုပ်ဆင်းထားသူဖြစ်ပါတယ်။
လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၇၁၅)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၅၉၅)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။