ပုသိမ်မှာမိသားစုလိုက် ကူးစက်မှုတွေနဲ့ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့

၁၊ ဇန်နဝါရီ၊၂ ၀၂၁ ။

ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်သစ္စာလမ်းက မနေ့ကလူနာ(၆၅၅)ရဲ့ အသက်(၁၂)နှစ်အရွယ်သား၊(၆၁)နှစ်အရွယ်မိခင်၊(၆၃)နှစ်အရွယ်ယောက္ခမ၊ လူနာ(၆၅၆)ရဲ့ခင်ပွန်းဖြစ်သူအသက်(၅၉)နှစ်ရှိ သစ်လုပ်ငန်းလက်ထောက်မန်နေဂျာ၊အသက်(၃၂)နှစ်အရွယ်သမီး၊ အသက်(၉)နှစ်အရွယ်မြေးဖြစ်သူအပါအဝင် မိသားစုတွေမှာ ကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။

ရွှေဘုံသာကမ်းနားလမ်းက နတ်ကနားစီးလုပ်ကိုင်တဲ့အသက်(၆၂)အရွယ်အမျိုးသားနဲ့ သူရဲ့အသက်(၅၄)နှစ်အရွယ်ညီမတို့ဟာ အနံပျောက်လို့လာပြရာက ရောဂါတွေ့ခဲ့ပါတယ်။ ထိတွေ့မိသူတွေကိုထပ်မံစစ်ဆေးခဲ့ရာမှာတော့ အတည်ပြုလူနာအမျိုးသားနဲ့ရွယ်တူ ဇနီးဖြစ်သူအပြင် အတူနေတပည့်တို့သုံးဦးမှာပါ ကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။

ကင်မလင်းကျွန်းစံပြ(၂)လမ်းက လူနာ(၆၃၇)ရဲ့အသက်(၆၃)နှစ်အရွယ်ယောက္ခမနဲ့ အသက်(၃၈)နှစ်အရွယ်သမီးဖြစ်သူ၊ အသက်(၁၄)နှစ်အရွယ်ညီဝမ်းကွဲတို့မှာလည်း ရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၇၂၉)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၆၁၀)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

Delta News

Read Previous

ပုသိမ်ကိုဗစ်လူနာ၁၄ဦးမှာ အထည်ချုပ်၀န်ထမ်းနဲ့ အနံပျောက်သူတွေပါဝင်

Read Next

အထည်ချုပ်ဝန်ထမ်း(၅)ဦးနဲ့ ဈေးသည်အိမ်ယာဝန်ထမ်းတွေပါဝင်တဲ့ ပုသိမ်ကိုဗစ်လူနာ(၁၂)ဦး