ကျန်းမာရေး

ပုသိမ်မှာမိသားစုလိုက် ကူးစက်မှုတွေနဲ့ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့

၁၊ ဇန်နဝါရီ၊၂ ၀၂၁ ။ ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်သစ္စာလမ်းက မနေ့ကလူနာ(၆၅၅)ရဲ့ အသက်(၁၂)နှစ်အရွယ်သား၊(၆၁)နှစ်အရွယ်မိခင်၊(၆၃)နှစ်အရွယ်ယောက္ခမ၊ လူနာ(၆၅၆)ရဲ့ခင်ပွန်းဖြစ်သူအသက်(၅၉)နှစ်ရှိ သစ်လုပ်ငန်းလက်ထောက်မန်နေဂျာ၊အသက်(၃၂)နှစ်အရွယ်သမီး၊ အသက်(၉)နှစ်အရွယ်မြေးဖြစ်သူအပါအဝင် မိသားစုတွေမှာ ကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။ ရွှေဘုံသာကမ်းနားလမ်းက နတ်ကနားစီးလုပ်ကိုင်တဲ့အသက်(၆၂)အရွယ်အမျိုးသားနဲ့ သူရဲ့အသက်(၅၄)နှစ်အရွယ်ညီမတို့ဟာ [ဆက်လက်ဖတ်ရှုရန်]