အထည်ချုပ်ဝန်ထမ်း(၅)ဦးနဲ့ ဈေးသည်အိမ်ယာဝန်ထမ်းတွေပါဝင်တဲ့ ပုသိမ်ကိုဗစ်လူနာ(၁၂)ဦး

၂၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာဒီနေ့(၁၄)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။

ပုသိမ်မြို့ စကားဝါလမ်းမှာနေထိုင်တဲ့ အသက်(၅၈)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ သူဟာကွမ်းခြံဈေးမှာကြက်သားရောင်းသူဖြစ်သူ ဖြစ်ပြီး ရောဂါတွေ့သူနဲ့ထိတွေ့မိလို့ ကွာရန်တင်း၀င်ရောက်နေသူဖြစ်ပါတယ်။

သာသနာ့ဗိမာန်က Fever Clinicကို အနံပျောက်လို့လာပြတဲ့င၀န်ကျွန်းသာ(၁၀)လမ်းက အသက်(၅၅)နှစ်အရွယ်အမျိုးသမီးနဲ့ဒုံး၀န်းတိုးချဲ့ (၃)လမ်းက ဘူတာဈေးက ကြက်သားရောင်းခဲ့သူ အသက်(၂၈)နှစ်အရွယ်အမျိုးသမီးတို့ကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

ကိုဗစ်လူနာ(၄)ဦးထွက်ပေါ်ခဲ့လို့ lock downချထားတဲ့ ငုဝါ (၃)လမ်းအဆောင်မှာနေထိုင်တဲ့ အမာဗားအထည်ချုပ်စက်ရုံက အသက်(၂၈)နှစ်အရွယ် အမျိုးသမီး၊ချိုင်မွန်စပေါ့ စက်ရုံက အသက်(၁၉)နှစ်အရွယ်အမျိုးသမီး၊မြန်မာနစ်တင်းစက်ရုံက (၂၅)နှစ်အရွယ်အမျိုးသမီး၊ဟွာဘိုတိုင်းစက်ရုံက (၂၉)နှစ်အရွယ်အမျိုးသမီးနဲ့(၃၉)နှစ်အရွယ်ဒေါင်းလောင်းအထည်ချုပ်စက်ရုံက အမျိုးသားတို့(၅)ဦးမှာရောဂါတွေ့ခဲ့ပါတယ်။

အဆောင်မှာ နေထိုင်တဲ့ အသက်(၁၉) နှစ်အရွယ်အမျိုးသမီးတစ်ဦးအပါအ၀င် မြကျွန်းသာ အိမ်ယာကသန့်ရှင်းရေး၀န်ထမ်းတွေဖြစ်တဲ့ အသက်(၂၃)နှစ်၊(၂၁)နှစ်နဲ့ (၂၆)နှစ်အရွယ်အမျိုးသား(၃)ဦးမှာ ရောဂါတွေ့ရှိခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၄၁)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၆၂၅)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။