ဖျာပုံက လင်မယားနှစ်ယောက်ရဲ့နေအိမ်မှာ မူးယစ်ဆေးတွေမိ

၅ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။

ဖျာပုံမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ လင်မယားနှစ်ဦးရဲ့နေအိမ်မှာ WYစာတမ်းပါ ပန်းရောင်ဆေးပြား ၅၀ကျော်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းကနေ သိရပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့ ညနေပိုင်းက အမှတ်(၅၀)မူးယစ်တပ်ဖွဲ့စု(ဖျာပုံ)မှ တပ်ဖွဲ့ဝင်တွေနဲ့ ဖျာပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးသုံးစွဲ၊ရောင်းချနေကြောင်း သတင်းရလို့ အခန်းအမှတ်(၁)၊ ပရဟိတခြံဝန်း၊ ပင်းယလမ်း၊ (၁၁)ရပ်ကွက်က ဦးစန်းယုနဲ့ မသန်းသန်းစိုးတို့ရဲ့ နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတာပါ။

အဲ့ဒီအိမ်မှာ စိတ်ကြွရူးသွပ်ဟုယူဆသည့် WY စာ တမ်းပါပန်းရောင်ဆေးပြား(၅၆)ပြား၊ အလေးချိန်(၅.၆)ဂရမ်ခန့်၊ မူးယစ်ဆေးဝါရောင်းချငွေတွေ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောပါတယ်။

မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိခဲ့တဲ့ ဦးစန်းယု(၄၇)နှစ်နဲ့ မသန်းသန်းစိုး (၃၀)နှစ်တို့ကို အမှတ်(၅၀)မူးယစ်တပ်ဖွဲ့စု(ဖျာပုံ)မှ တရားလိုပြုလုပ်ကာ ဖျာပုံမြို့မရဲစခန်း မယ(ပ) ၁/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/ ၂၁ဖြင့် အရေးယူဆောင်ရွက်ထားပြီး ကွင်းဆက်တွေ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။