ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ

ရေးသားသူ – Aunghein PhoeKhwar

၆ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။

ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ

(၁) ကူးစက်နှုန်း
ဗြိတိန်ကိုဗစ်ဗီဇကွဲအသစ်သည် မူလကိုဗစ်မျိုးရိုးထက် ပျံ့နှံ့ကူးစက်နိုင်စွမ်း ၇၀% ပိုများနိုင်ပါသည်။

(၂) အသက်အပိုင်းအခြား
ဗြိတိန်ကိုဗစ်ဗီဇကွဲအသစ်သည် အသက် ၂၀ အောက် လူငယ်များတွင် ပိုမိုပျံနှံ့နိုင်သည်ဟု ကနဦးယူဆထားသော်လည်း နောက်ပိုင်းလေ့လာချက်များအရ အသက်အပိုင်းအခြားမရွေး ကူးစက်စေနိုင်ကြောင်း သိရှိရပါသည်။

(၃)ရောဂါပိုပျော့ပျောင်း၊ ပိုဆိုးရွားခြင်း
ဗြိတိန်ကိုဗစ်ဗီဇကွဲ ရောဂါဖြစ်ပွားသူတွင် ရောဂါပိုမိုဆိုးဝါးခြင်း နှင့် သေဆုံးခြင်းဆိုင်ရာ အထောက်အထားများ မတွေ့ရှိရသေးပါ။ ကိုဗစ်ဗီဇကွဲအသစ်သည် ပိုမိုကူးစက်နိုင်သော်လည်း ရောဂါပိုမိုဆိုးရွားခြင်း မဖြစ်ပေါ်နိုင်ဟု အင်္ဂလန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲပါသည်။

(၄) ရောဂါရှာဖွေခြင်း
ယခုလက်ရှိ အသုံးပြုနေသော ပိုးစစ်ဆေးရေးနည်းလမ်းများဖြင့် ဗြိတိန်ကိုဗစ်ဗီဇကွဲပိုးရှိမရှိကို ဆက်လက်ရှာဖွေနိုင်ပါသည်။ သို့သော်လည်း ဗီဇကွဲမျိုးရိုးဖြစ်ကြောင်း (မူလကိုဗစ်မျိုးရိုးမဟုတ်ကြောင်း) ခွဲခြားသက်သေပြနိုင်ရန် မျိုးရိုးဗီဇကို အသေးစိတ်ဖတ်နိုင်သော ဓာတ်ခွဲနည်းလမ်းများကို ထပ်ဆင့်အသုံးပြုစစ်ဆေးရန် လိုအပ်ပါသည်။

(၅) ကာကွယ်ဆေး
လက်ရှိကာကွယ်ဆေးများ၏ ကာကွယ်နိုင်စွမ်းကို သက်ရောက်စေသော ကြီးမားသောဗီဇပြောင်းလဲမှု အထောက်အထားများမရှိသေး၍ လက်ရှိကာကွယ်ဆေးများဖြင့် ဆက်လက်ကာကွယ်နိုင်မည်ဟု ယုံကြည်ထားကြပါသည်။

ကိုးကား
https://assets.publishing.service.gov.uk/…/Technical…
https://pubmed.ncbi.nlm.nih.gov/33377359/
https://www.who.int/…/31-december-2020-sars-cov2…/en
https://www.bbc.com/news/health-55507012