စစ်တပ်ကဖိနှိပ်သတ်ဖြတ်ထားတဲ့ မုံရွာသားတွေကို မမေ့ဖို့ မုံရွာက တော်လှန်ရေးလူငယ်တွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက မြို့လမ်းမပေါ်မှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ကတော်လှန်ရေး အင်အားစုက လူငယ်တွေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတဲ့မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

မုံရွာမြို့ရဲ့ လမ်းမထက်ပေါ်မှာ သွေးမြေကျခဲ့ရတာတွေကို မမေ့ဖို့ ၊ အကျဉ်းထောင်တွေထဲမှာမုံရွာသူမုံရွာသားတွေ မလွတ်မြောက်ဘဲ ကျန်နေသေးတာကို မမေ့ဖို့နဲ့ စစ်တပ်ရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုနဲ့ ရွာလုံးကျွတ်မီးရှိ့မှုတွေကို မမေ့ဘဲ အာဏာရှင်ကို တော်လှန်ဖို့ သပိတ်အင်အားစုတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်မှုကိုတော့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီနဲ့ အရာတော်လူထုသပိတ်တိုက်ပွဲကော်မတီ၊ အမျိုးသမီး မဟာမိတ်အင်အားစုတို့ ပူးပေါင်းပြီး လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Delta News

Read Previous

ဗိုလ်တထောင်မှာ လူငယ်လေးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး တဦးသေဆုံးတယ်လို့ဆို

Read Next

ဒီပဲယင်း မူးရိုးကုန်းရွာမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူခုနှစ်ဦး ထိခိုက်ဒဏ်ရာရ