ဒီပဲယင်း မူးရိုးကုန်းရွာမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူခုနှစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်က စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် မူးရိုးကုန်းကျေးရွာက ဒေသခံ ၇ ဦးထက်မနည်းဟာ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်၊

စစ်ကောင်စီတပ်တွေဟာ ရွှေဘိုဘက်ခြမ်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး မူးမြစ်သာခြားထားတဲ့ ဒီပဲယင်း၊ မူးရိုးကုန်းက ဒေသခံတွေကို လက်နက်ကြီးအစတွေ ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

‘’ ရွှေဘိုနယ်ဘက်က ခြမ်းကတပ်စွဲထားတဲ့ စစ်ကြောင်းက မအူပင်ကျေးရွာကိုမီးရှို့ပြီးလက်နက်ကြီးတွေနဲ့ပစ်တာ မူးမြစ်ရဲ့တဖက်ကမ်းမှာရှိတဲ့ မူရိုးကုန်းရွာက ၇ ဦးထိခိုက်တာဆေးကုသမှုခံယူနေရတယ်။ အမျိုးသမီးတွေလည်းပါတယ်၊ စာရင်းတွေကောက်ပြီး ထုတ်ပြန်ပါမယ်’’ လို့ဒီပဲယင်းမြို့နယ်ညီနောင်များက တာဝန်ရှိသူက DNA ကိုပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်ထဲကနေ ဒီပဲယင်းမြို့ပေါ်ကို စစ်ကြောင်းထိုးတက်လာသလို ရွှေဘိုတဖက်ခြမ်းမှာလည်း စစ်ကြောင်းထိုးပြီး ဒီကနေ့ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Delta News

Read Previous

စစ်တပ်ကဖိနှိပ်သတ်ဖြတ်ထားတဲ့ မုံရွာသားတွေကို မမေ့ဖို့ မုံရွာက တော်လှန်ရေးလူငယ်တွေ ဆန္ဒထုတ်ဖော်

Read Next

စစ်တပ်စစ်ကြောင်းထိုးပြီးနောက် ခင်ဦးမှာ မြေမြှုပ်မိုင်းတွေရှာဖွေရှင်းလင်းနေရ