လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်သပိတ်ဖြင့် စတုတ္ထအကြိမ်လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်

ဒီနေ့ဧပြီလ ၂၇ ရက်နေ့ မနက်အစောပိုင်း လောင်းလုံးမြို့နယ်မှာ ကျေးရွာသပိတ်တွေ ပြန်လည်နိုးထလာဖို့ စတုတ္ထအကြိမ် လမ်းပေါ်ထွက် နှိုး‌ဆော်ခဲ့ပါတယ်။
လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦး‌ဆောင်ပြီး ကျေးရွာအသီးသီးက ပြည်သူတွေပူးပေါင်းပြီး ကျေးရွာ ( ၃ ) ရွာကို ဆိုင်ကယ်နဲ့ပတ်ပြီး ကျေးရွာသပိတ်တွေ ပြန်လည်နိုးထဖို့ ဆိုင်ကယ်သပိတ်ဖြင့် စတုတ္ထအကြိမ် လမ်းပေါ်ထွက် နှိုးဆော်ရင်း အကြမ်းဖက်စစ်အုပ်စုကို သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။