CDM တပ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ ခိုလှုံ

CDMအဖြစ် ခိုလှုံလာတဲ့ တပ်သားနှစ်ဦးကို ကော်ဘရာစစ်ကြောင်းက တာဝန်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ခမရ (၁) သထုံက တပ်သား ဝင်းထွန်းနဲ့ ခမရ (၅၅၉ ) ဘုတ်ပြင်းက တပ်သား ကျော်ဇောဟိန်းတို့ဟာ မတ်လ (၁၀) ရက်နေ့က ရှေ့တန်းတစ်နေရာမှာ ကော်ဘရာစစ်ကြောင်းထံဆက်သွယ်ခိုလှုံခဲ့ကြခြင်းဖြစ်ပြီး ကော်ဘရာစစ်ကြောင်းက နွေးထွေးစွာကြိုဆိုကာ သူတို့နဲ့ မိသားစု လုံခြုံရေး၊‌ နေထိုင်ရေးတို့ကို တာဝန်ယူ စောင့်ရှောက်ထားတယ်လို့ Cobra Column က ထုတ်ပြန်ပါတယ်။
လက်နက်နဲ့တစ်ကွ CDM ခိုလှုံကြမယ့်သူတွေ အနေနဲ့ လည်း ကော်ဘရာစစ်ကြောင်း Page ကို ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။