ထိရောက်တဲ့ အကူအညီအချိန်မီပေးဖို့ CRPH က နိုင်ငံတကာကို တောင်းဆို

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိုကာကွယ်တားဆီးနိုင်အောင် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေကို အချိန်မီပေးဖို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ပြည်ထောင်စုလွှတ် တော်ကိုယ် စားပြု ကော်မတီ(CRPH)က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ စက်တင်ဘာ(၁၅)ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အတွက်CRPH ရဲ့ ထုတ်ပြန် ချက်မှာ အဲ့ဒီလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကမ္ဘာတဝှမ်း ဒီမိုကရေစီရှင်သန်ထွန်းကားစေဖို့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အစိုးရတွေ၊အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို လက်တွေ့ကျကျ အားပေးကူညီပြီး အာဏာရှင်တွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူရ မှာြဖစ်တယ်လို့ CRPHက ဆိုပါတယ်။
အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုကြောင့် နှစ်ပေါင်း များစွာကြိုးပမ်းတည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီအသီးအပွင့်တွေဟာ ကာလတိုအတွင်း ပျက်စီး သွားခဲ့ပြီဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သမိုင်းအထောက်အထားတွေအရ တရားဥပဒေကို လိုသလိုအသုံးချတတ်တဲ့ စစ်အာဏာရှင်တွေဟာ ဒီမို ကရေစီစ နစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းကြသူတွေဖြစ်ပြီး ဒီမိုကရေစီအရေးဆောင်ရွက်သူတွေကို လူမဆန် စွာသတ်ဖြတ်နေ တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီမိုကရေစီကို အယောင်ပြပြီး တရားဝင်အစိုးရမဟုတ်တဲ့ စစ်တပ်က တရားမျှတပြီး လွတ်လပ် ပွင့်လင်း တဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာ နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားဖို့ ကြိုးစားမှု သာဖြစ်တယ်လို့ CRPH က ဝေဖန်ထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး CRPH နဲ့ NUG ကို တရားဝင် အသိ အမှတ်ပြုပြီး စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာကို တားဆီးကန့်ကွက်ဖို့လည်း တိုက် တွန်းထား ပါတယ်။
လက်ရှိ စစ်ကောင်စီကတော့ အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့အညီဖြစ်တယ်ဆိုတဲ့အကြောင်း ပြည် တွင်း၊ ပြည်ပမှာ ဝါဒဖြန့်နေပြီး ၂၀၀၈ အခြေခံဥပဒေအရ အရေးပေါ်ကာလကုန်ဆုံးမယ့် လာမယ့်နှစ်မှာ ရွေးကောက်ပွဲပြန်လည် ကျင်းပပေးမှာဖြစ်တယ်လို့ ပြောဆိုထားတာပါ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီကနေ့မှာ အွန်လိုင်းကနေကျင်းပခဲ့ပြီး NUG အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊နိုင်ငံရေးပါတီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။