အာဏာသိမ်းမှုကိုလက်မခံ၊ NUG နဲ့CRPH ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂပါလီမန်ဆုံးဖြတ်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်အုပ်စုအာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချပြီး NUGအစိုးရနဲ့ CRPH လွှတ်တော်ကို ထောက်ခံအားပေးလက် ခံတယ်လို့ ဥရောပသမဂ္ဂပါလီမန်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

 နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့  ဥရောပသမဂ္ဂပါလီမန်ဟာ အောက်တိုဘာ၇ရက်နေ့ အစည်းအဝေးမှာ စစ်အုပ်စုကို အပြင်းအထန်ရှုတ်ချပြီး အရပ်သားအစိုးရကိုအာဏာပြန်အပ်ဖို့ ပါဝင်တဲ့ဆုံးဖြတ်ချက်၅ရပ်ကို  ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲ နဲ့ ချမှတ်ခဲ့တာပါ။

 အဲဒီဆုံးဖြတ်ချက်၅ရပ်ထဲမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေကို ထောက်ခံကြောင်း၊ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ပါဝင်ပါတယ်။

 ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပထမ ခြေလှမ်းအဖြစ် သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ 

စစ်မှန် ပြီးအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာ CRPH နဲ့ NUG ကိုပါ ထည့်သွင်းဖို့ အာဆီယံနဲ့နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းကြောင်း စတဲ့အချက်တွေပါဝင်ပါတယ်။

 

Delta News Agency

Read Previous

ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရရှိခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်

Read Next

ရန်ကုန် Brave Bar မှာ လူအယောက် ၂၅၀ကျော် အဖမ်းခံရ