စစ်ကိုင်းတိုင်းအတွင်းပညာသင်ကြားခွင့်မရတဲ့ကလေးငယ်ဦးရေတိုးပွားနေ

စစ်ကိုင်းတိုင်းအတွင်းပညာသင်ကြားခွင့်မရတဲ့ကလေးငယ်ဦးရေတိုးပွားနေ

စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်လာတာနဲ့အမျှပညာသင်ကြားခွင့်မရတဲ့ကလေးသူငယ်ဦးရေဟာလည်းတိုးပွားလာနေတယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။ “NUGကဖွင့်ထားတဲ့ကျောင်းတွေကပီဒီအက်စိုးမိုးထားတဲ့နေရာတွေမှာတော့ကောင်းကောင်းကြီးလည်ပတ်နိုင်တယ်၊ဒါပေမယ့်တချို့ရွာတွေကသုံးရွာ ပေါင်းမှတကျောင်းလောက်၊အဲ့တာတောင်မူလတန်းနဲ့မူလတန်းလွန်ပေါ့၊အထက်တန်းကနည်းတယ်၊ လိုင်းတွေကလဲမကောင်းတော့မြို့ပေါ်တွေလိုအွန်လိုင်းလဲမတတ်နိုင်ဘူး၊ပြီးတော့စစ်ကြောင်းထိုးတဲ့အခါတွေဆိုပြေးလို့ရတာရောမရတာရောလက်ယက်ကုန်းကိစ္စလဲအဲ့လိုဖြစ်ခဲ့တာပဲလေ”လို့ စစ်ကိုင်းတိုင်း အတွင်းက CDM ကျောင်းဆရာတဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကို နိုင်ငံတဝန်းက အရွယ်စုံကျောင်းသားတွေ မတက်ဘဲ သပိတ်မှောက်တာတွေ လည်းရှိနေပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုမှုတွေအရ လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းမှာ ကျောင်းအပ်ရမယ့်ကျောင်းသား နှစ်သိန်းခုနစ်သောင်းကျော်ရှိပြီး အဲ့ဒီအထဲက ငါးဆယ် ရာခိုင်နှုန်းကျော်က ကျောင်းမအပ်ဘူးလို့ ဆိုပါ တယ်။ စစ်ကောင်စီကျောင်းမတက်ဘဲ ပညာသင်ကြား နိုင်ဖို့အတွက်…

Read More
ထိရောက်တဲ့ အကူအညီအချိန်မီပေးဖို့ CRPH က နိုင်ငံတကာကို တောင်းဆို

ထိရောက်တဲ့ အကူအညီအချိန်မီပေးဖို့ CRPH က နိုင်ငံတကာကို တောင်းဆို

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိုကာကွယ်တားဆီးနိုင်အောင် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေကို အချိန်မီပေးဖို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ပြည်ထောင်စုလွှတ် တော်ကိုယ် စားပြု ကော်မတီ(CRPH)က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ(၁၅)ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အတွက်CRPH ရဲ့ ထုတ်ပြန် ချက်မှာ အဲ့ဒီလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကမ္ဘာတဝှမ်း ဒီမိုကရေစီရှင်သန်ထွန်းကားစေဖို့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အစိုးရတွေ၊အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို လက်တွေ့ကျကျ အားပေးကူညီပြီး အာဏာရှင်တွေကို…

Read More
၁၉၈၂ နိုင်ငံသားဥပဒေကို CRPH ပြင်ဆင်၊ ဖျက်သိမ်းမယ်

၁၉၈၂ နိုင်ငံသားဥပဒေကို CRPH ပြင်ဆင်၊ ဖျက်သိမ်းမယ်

အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒတွေအပါအဝင် လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့နဲ့ ဖျက်ရန်သိမ်းဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က လုပ်ဆောင်သွားမယ်လို့ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတွေ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေတို့ဖြစ်ပါတယ်။ အဲဒီဥပဒေတွေကို တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒအရ အိမ်ထောင်ရှင်…

Read More
မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဆွေးနွေး

မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဆွေးနွေး

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဥက္ကဋ္ဌနဲ့အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မေ၃ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ နဲ့ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့အဖွဲ့တို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPH ကသတင်းထုတ်ပြန်တာပါ။ အဲဒီတွေ့ဆုံမှုမှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညပေးရေး၊အရပ်သားအစိုးရအုပ်ချုပ်မှုဆီ ပြန်လည်ရောက်ရှိရေး ၊ အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်တဲ့ကိစ္စရပ်တွေ အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲကို CRPH…

Read More
CRPH ကို မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်

CRPH ကို မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အဖြစ် ဆက်လက်ထားရှိမယ်လို့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ က ဆုံးဖြတ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် CRPH ကို မြန်မာနိုင်ငံမှာ ပီပြင်တဲ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်တဲ့ အချိန်အထိ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိပြီး IPU…

Read More
ဖမ်းဆီးခံ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအရေး နိုင်ငံတကာ ပါလီမန်အမတ်တွေ ဆွေးနွေး

ဖမ်းဆီးခံ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအရေး နိုင်ငံတကာ ပါလီမန်အမတ်တွေ ဆွေးနွေး

ဖမ်းဆီးခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က Jailed For Being Elected ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များ ညီလာခံ (IPU) ရဲ့ Side Event အဖြစ် မတ်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နိုင်ငံတကာ ဆက်ဆံရေး…

Read More
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်ရရေး UK လွှတ်တော်အမတ်တွေ ဆွေးနွေး

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်ရရေး UK လွှတ်တော်အမတ်တွေ ဆွေးနွေး

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မယ့် ကိစ္စတွေကို UK လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ UK လွှတ်တော်ကိုယ်စားလှယ်တို့ ဗီဒီယိုကွန်ဖရင့်ကနေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ UK လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီလို ပြောကြားခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိရေးနဲ့ လူအခွင့်အရေး ကာကွယ်တိုးမြှင့်နိုင်ရေးအတွက် UK…

Read More
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီသွားမယ်လို့ အင်ဒိုအောက်လွှတ်တော် ပြော

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီသွားမယ်လို့ အင်ဒိုအောက်လွှတ်တော် ပြော

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီသွားမယ်လို့ အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များ ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့ “မြန်မာ့ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အပေါ် နောက်ဆုံးအခြေအနေများ ဆွေးနွေးခြင်း” ခေါင်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာပါ။ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းအခြေအနေ၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း နဲ့လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်၊ CRPH…

Read More
အာဏာသိမ်းမှုကိုလက်မခံ၊ NUG နဲ့CRPH ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂပါလီမန်ဆုံးဖြတ်

အာဏာသိမ်းမှုကိုလက်မခံ၊ NUG နဲ့CRPH ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂပါလီမန်ဆုံးဖြတ်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်အုပ်စုအာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချပြီး NUGအစိုးရနဲ့ CRPH လွှတ်တော်ကို ထောက်ခံအားပေးလက် ခံတယ်လို့ ဥရောပသမဂ္ဂပါလီမန်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။  နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့  ဥရောပသမဂ္ဂပါလီမန်ဟာ အောက်တိုဘာ၇ရက်နေ့ အစည်းအဝေးမှာ စစ်အုပ်စုကို အပြင်းအထန်ရှုတ်ချပြီး အရပ်သားအစိုးရကိုအာဏာပြန်အပ်ဖို့ ပါဝင်တဲ့ဆုံးဖြတ်ချက်၅ရပ်ကို  ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲ နဲ့ ချမှတ်ခဲ့တာပါ။  အဲဒီဆုံးဖြတ်ချက်၅ရပ်ထဲမှာ မြန်မာပြည်သူတွေရဲ့…

Read More
အာဆီယံပါလီမန်များညီလာခံမှာ CRPHကို ချန်လှပ်ထားမှုအပေါ် ရှုတ်ချ

အာဆီယံပါလီမန်များညီလာခံမှာ CRPHကို ချန်လှပ်ထားမှုအပေါ် ရှုတ်ချ

၂၂ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ အာဆီယံနိုင်ငံတွေရဲ့ လွှတ်တော်တွေအနက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံပါလီမန်များညီလာခံမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကိုယ်စားလှယ်တွေကို ချန်လှပ်ထားပြီး အကြမ်းဖက်စစ်အုပ်စုက ကိုယ်စားလှယ်ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပေးမှုအပေါ် CRPH က မေးခွန်းထုတ်ဝေဖန်ရှုတ်ချလိုက်ပါတယ်။ (၄၂)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို ဘရူနိုင်းနိုင်ငံမှာ ဩဂုတ်လ ၂၂ရက်ကနေ ၂၅ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊…

Read More