ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရရှိခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်

၈ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာတက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ရရှိခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုရ ပုဂ္ဂိုလ်စာရင်းမှာ အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ဆောင်ခဲ့သလို ငတ်မွတ်ဆာလောင်နေတဲ့ ကလေးတွေအတွက် ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒီဘွဲ့ကို ရရှိခဲ့တာပါ။
အသက်ငယ်ရွယ်ပေမယ့်လည်း သူဟာ ပရဟိတအလုပ်ကို တစိုက်မတ်မတ်နဲ့ နှစ်ရှည်လုပ်လာခဲ့သူဖြစ်ပြီး ပရဟိတကူညီမှုတွေနဲ့ ပတ်သက်လို့ အရင်ကတည်းက နာမည်ကောင်း ရရှိနေသူဖြစ်ပါတယ်။
သူ့ရဲ့ ပရဟိတလုပ်ဆောင်မှုတွေဟာ ကိုဗစ်ကာလမှာ ထိရောက်မှုရှိခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ကတော့ ဒီဘွဲ့အတွက် အချိုမြိန်ဆုံးအခိုက်အတန့်ပါလို့ ဖွင့်ဟခဲ့ပါတယ်။

Delta News

Read Previous

ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့ဖူးတဲ့ Freedom Award ဆု သံအမတ်ကြီးဦးကျော်မိုးထွန်းချီးမြှင့်ခံရ

Read Next

အာဏာသိမ်းမှုကိုလက်မခံ၊ NUG နဲ့CRPH ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂပါလီမန်ဆုံးဖြတ်

Most Popular