ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့ဖူးတဲ့ Freedom Award ဆု သံအမတ်ကြီးဦးကျော်မိုးထွန်းချီးမြှင့်ခံရ

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကျော်မိုးထွန်းကို ဒီမိုကရေစီသူရဲကောင်းအဖြစ် International Republican Institute (IRI) ကလာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာ John McCain Freedom Award ဆု ချီးမြှင့်မယ်လို့သိရပါတယ်။

Freedom Award ဆုရရှိသူတွေကတော့လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ကုသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပေါင်းစည်းညှိနိုင်းရေး ကောင်စီ ကိုယ်စားလှယ် Tatsiana Khomich နဲ့ ကျူးဘားနဲ့ဂျာမနီအနုပညာဆုရရှိထားတဲ့ Willy Chilino တို့ဖြစ်ကြောင်း Freedom Award က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆုပေးပွဲကို ရီပတ်ဗလီကင် အထက်လွတ်တော် ခေါင်းဆောင် ဆီးနိတ်တာ Mitch McConnell၊IRI ဥက္ကဌ ဆီးနိတ်တာ Dan Sullivan၊ ဆီးနိတ်တာ Joni Ernst ၊ ဆီးနိတ်တာ Lindsey Graham နဲ့ ဆီးနိတ်တာ Rick Scott တို့ တက်ရောက်ကြပါမယ်။

IRI ဟာ၁၉၉၅ ခုနှစ်မစပြီး Freedom Award ကို ဒီမိုကရေစီတိုးတက်မှုအတွက်ကတိကဝတ်ပြုတဲ့ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီ လွတ်လပ်မှုနဲ့လူသားလွတ်မြောက်မှု ၊ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသောလူတွေ အတွက်အခွင့် အလမ်းတွေဖန်တီးပေးခဲ့သူတွေကို ဂုဏ်ပြုတာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၉ ခုနှစ်မှာ Freedom Award ကိုရရှိခဲ့ပါတယ်။