ဒီကနေ့ မနက်အစောပိုင်းမှာ ငလျင်နှစ်ကြိမ်လှုပ်ခတ်

ဒီကနေ့ ဇူလိုင်လ ၈ရက်နေ့ မနက်အစောပိုင်းမှာ ညောင်ဦးမြို့နဲ့ ဖြူးမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် နှစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ မြန်မာစံတော်ချိန်မနက် ၁နာရီ ၅၂မိန်ခန့်မှာ ညောင်ဦးမြေငလျင်စခန်း ကနေ အနောက်တောင်ဘက် (၁၀) မိုင်ခန့်ကွာဝေးတဲ့ ညောင်ဦးမြို့ရဲ့ အနောက်-အနောက်တောင်ဘက် (၉)မိုင် ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာစံတော်ချိန် ၃နာရီ၊ ၃၁မိနစ်အချိန်မှာ တောင်ငူမြေငလျင်စခန်းမှ တောင်ဘက် (၄၈) မိုင်ခန့်ကွာဝေးတဲ့ ဖြူးမြို့၏ တောင်-အရှေ့တောင်ဘက် (၁၈)မိုင် ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။
မိုးဇလရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၇ရက်နေ့ကလည်း လင်းခေးမြို့ ၊ နမ့်စန်မြို့ နဲ့ ဂွမြို့တို့မှာလည်း ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။