စစ်ကိုင်းက ပျူခေါင်းဆောင်၂ ဦးကို ရှင်းလင်

PHOTO-စစ်ကိုင်းမြို့နယ်သတင်းမှန် ပြန်ကြားရေ
စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာက ပျူစောထီးခေါင်းဆောင် ၂ ဦးကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
မာလဲတောကျေးရွာရှိ ပျူစောထီးအဖွဲ့ခေါင်းဆောင် ၂ ဦးရဲ့ နေအိမ်ကို ဧပြီလ ၃ ရက်နေ့ မနက် ၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(P A F D )၊ M M U PDF ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၃) စစ်ကိုင်းတပ်ခွဲနဲ့ PHOENIX (SGG) မဟာမိတ်တွေက မာလဲတောရွာ ပျူစောထီးခေါင်းဆောင်ကို ရှင်းလင်းနိုင်ခဲ့တာပါ။
ဖေဖော်ဝါရီ လဆန်းပိုင်းက မာလဲတောကျေးရွာမှာ ပျူစောထီးသင်တန်းဖွင့်ခဲ့ပြီး တခြားကျေးရွာတချို့မှာလည်း အကြမ်းဖက် စစ်တပ်က ပျူစောထီးသင်တန်းတွေ တစ်ပြိုင်တည်း ဖွင့်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘စစ်ခွေးတွေက စစ်ကိုင်းက မဘသတွေကို အခြေခံပြီး ပျူသင်တန်းပေးနေတာ။ ပျူတွေကျတော့ ဒေသခံတွေဆိုတော့ လမ်းပြတာတို့ သတင်းပေးတာ တို့အတွက် အသုံးဝင်တယ်။ ပျူတွေကိုစစ်တပ်က လူသတ်တာရော လုယက်တာရော ကြိုက်တာလုပ်၊ လုပ်ခွင့်ပေးထားတယ်။ လောင်းကစားဝိုင်းတွေလို တရားမဝင် ငွေရှာခွင့်လည်းပေးပြီး မွေးတာ’ လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်း ကျန်ရှိနေတဲ့ ပျူစောထီးတွေ အနေနဲ့ ပြည်သူထံ လက်နက်ချ အလင်းဝင်ကြဖို့ ဒေသခံ PDF တွေက ထပ်မံတိုက်တွန်းထားပါတယ်။