စစ်ကိုင်းမြို့အနီးက မြစ်ကမ်းနားတလျှောက်ရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Photo – Google

ဒီကနေ့ မနက် ၅ နာရီလောက်ကစတင်ပြီး စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာနဲ့ အုတ်ဖိုကျေးရွာ၊ မြစ်ကမ်းနားတလျောက်ကို မတ္တရာမြို့နယ် အေးကျွန်းမှာ တပ်ထိုင်ထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူက DNA ကိုပြောပါတယ်။

“ရွာထဲမှာတော လူမရှိတောဘူးဗျ၊ နီးစပ်ရာရွာတွေ တိမ်းရှောင်နေကြတယ်၊ ဒေသခံအဖွဲ့အစည်းတွေ နေရာထိုင်ခင်းနဲ့ ကျွေးမွေးဖို့ စီစဉ်ပေးနေပါတယ်”လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းက စပြီး ဆက်တိုက်ပစ်နေတာ အခုဆိုရင် အချက်ရေ ၃၀ ခန့်ရှိပြီလို့ သိရပါတယ်။

လက်ရှိမှာ လက်နက်ကြီးနဲ့ ရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲတွေက ပြန်လည် တိုက်ခိုက်နေပြီး ဒေသကာကွယ်ရေး ရဲဘော်အချို့ ဒဏ်ရာရရှိတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက အပြန်အလှန်ပစ်ခတ်နေစဲပါ ။ရဲဘော်အချို့ဒဏ်ရာရတာရှိပါတယ်။ ဝက်လက်၊ စစ်ကိုင်း မဟာမိတ် ရဲဘော်တွေ ပူးပေါင်းပြီးပြန်လည်ပစ်ခတ်နေပါတယ် ။ တိုက်ပွဲအခြေအနေ ပြင်းထန်နေစဲလို့ပဲ သတင်းရပါတယ်ဗျ ။ နှစ်ဘက်ထိခိုက်အ‌ခြေအနေ အသေးစိတ်မသိရသေးပါဘူးဗျ” လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးတာ ကျေးရွာအတွင်းကို ဝင်ရောက်ပြီးနေအိမ်တွေကို မီးရှို့တာ ရဟဟ်ယာဉ်နဲ့ လာရောက်ပစ် ခတ်တာတွေ လုပ်ဆောင်နေပါတယ်။