ကြွယ်ပုံကျေးရွာ တိုက်ပွဲ စစ်အုပ်စု သုံးဆယ်နီးပါး သေဆုံး

ဓါတ်ပုံ- zero ပြောက်ကျားတပ်ဖွဲ့ FB
ဇူလိုင်လ ၂၂ ရက်နေ့၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားရာနေရာကိုZEROပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်းခရိုင်တပ်ရင်း၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၃၀ လောက်သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
“သူတို့ စခန်းတစ်ခုကို ကျတော်တို့မီးရှို့ခဲ့တယ် အဲ့ထဲမှာ ကျည်တွေဘာတွေပေါက်တာတွေ လည်းတွေ့ရတယ်။ ကျတော်တို့ဘက်က ကလေးတစ်ယောက်ကျတယ် တိုက်ပွဲပြီးတဲ့အချိန် ကျတော်တို့မျက်မြင် သုံးသပ်နိုင်တာ ၉ ယောက်ပေါ့။ ဒီနေ့ အချိန် ကျတော်တို့ သတင်းအစုံလိုက်ကြည့်တဲ့အခါ သူတို့ ဘက်က အယောက် သုံးဆယ်လောက်ကျတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဟာ အချိန်၂ နာရီ ခွဲနီးပါးလောက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က တပ်ကူတွေ ရောက်လာနိုင်တာကြောင့်လက်နက်ခဲယမ်းတွေ မသိမ်းဆည်းနိုင်ခဲ့ပဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
“ ကျတော်တို့က ချည်းကပ်ပစ်ခတ်လိုက် ခွာလိုက်နဲ့ တိုက်ပွဲချိန် ၂ နာရီခွဲလောက်ကြာသွားတယ် ။သိမ်းဆည်းရ မိမှုတို့ဘာတို့တော့ မရှိဘူး ကျတော်တို့က နယ်ကျော်ပြီး တိုက်ရတဲ့အခါကျတော့ နယ်မြေ ကျွမ်းကျင်မှုအားနည်း တာရယ် ရဟတ်ယာဉ်စစ်ကူ လာနိုင်တဲ့အတွက်ကြောင့် ဖြည်းဖြည်းချင်းနောက်ဆုတ်ပြီး တိုက်ပွဲအဆုံးသတ်ခဲ့ရ တယ်လို့ “ သူက ဆက်ပြောပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့က ကျဆုံးသူဟာ RPG လက်ဖြောင့်တပ်သားတစ်ဦးဖြစ်ပြီးအသက် ၂၄ နှစ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။