ပုသိမ်ခရိုင်

ပုသိမ်ဆေးရုံအရိုးဆောင်ကလူနာနှစ်ဦးအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၃)ဦးတွေ့

၂၃၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်လူနာသစ်(၃)ဦး တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်အောင်ဇေယျလမ်းကအသက်(၂၄)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ နှာစေး၊အနံပျောက်နေတာ ၄ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံရဲ့ Lock Downချထားတဲ့ အရိုးဆောင်ကလူနာနဲ့ လူနာစောင့်တွေကို ဒုတိယအကြိမ်စစ်ဆေးခဲ့ရာမှာ ပုသိမ်ညောင်ချောင်းက [ဆက်လက်ဖတ်ရှုရန်]

ဖျာပုံခရိုင်

ဖျာပုံမြို့မှာ ၁၈နှစ်အရွယ် လူငယ်တစ်ဦးအသတ်ခံရ (တရားခံမမိသေး)

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဖျာပုံမြို့မ(၁၁)ရပ်ကွက်၊ ရွှေညောင်ပင်(၁၀)လမ်းဘေးမှာ ဒီကနေ့မနက်ပိုင်းက လူငယ်တစ်ဦး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။ သေဆုံးသူမှာ ကျုံကူကျေးရွာက အသက်(၁၈)နှစ်အရွယ်လူငယ်တစ်ဦးပါ။ ယခင်စကားများရန်ဖြစ်ခဲ့တဲ့ လူတွေက အဲဒီလူငယ်ကို ဇန်နဝါရီလ ၂၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဖျာပုံခရိုင်

ဖျာပုံဆေးရုံက လူနာနဲ့သူနာပြုတွေမှာ ကိုဗစ်ရောဂါတွေ့

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီနေ့မနက်တိုင်းကျန်းမာရေးစာရင်းအရ ဖျာပုံမြို့မှာ ကိုဗစ်လူနာ(၆)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးက ပြောပါတယ်။ ဖျာပုံဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အောက်ကွင်းကျေးရွာမှ အသက်(၅၄)နှစ်အမျိုးသမီး(၁)ဦးကို RDTနဲ့စစ်ဆေးရာက ရောဂါတွေ့ခဲ့ပြီး သူရဲ့သမီးဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူမှာပါ ရောဂါတွေ့ခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာသုံးနှစ်အတွင်း ဘင်္ဂါလီသုံးရာကျော် ဖမ်းမိ

၂၃၊ ဇန်နဝါရီ၊ ၂၀၂၁။ ဧရာဝတီတိုင်းမှာ ၂၀၁၈ခုနှစ်ကနေ ၂၀၂၀ထိ ရခိုင်ပြည်နယ်က ၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီ(၃၀၇)ဦး ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။ နိုင်ငံသားအထောက်အထားမဲ့ဖမ်းမိမှု အနေနဲ့ ၂၀၁၈ခုနှစ်မှာ (၅)ကြိမ်ဖမ်းမိခဲ့ပြီး လူဦးရေ (၅၃)ဦး၊ ၂၀၁၉က(၃)ကြိမ်ဖမ်းမိခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်ကိုဗစ်လူနာသစ်(၂)ဦးသာတွေ့

၂၂၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်အမှတ်(၉)ရပ်ကွက်သင်္ဘောကျဥ်းမှာအိမ်ဆိုင်ဖွင့်ထားတဲ့ အသက်(၅၂)အရွယ်အမျိုးသမီးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူရဲ့ခင်ပွန်းဟာ လူနာ(၈၄၃)ဖြစ်ပြီး သူ့ကိုဒီနေ့စစ်ဆေးခဲ့ရာမှာ ရောဂါတွေ့ခဲ့တာပါ။ ဈေးချောင်းလမ်းမှာရွှေဆိုင်ဖွင့်ထားတဲ့ မဟာဗန္ဓုလလမ်းတိုက်ကြီးကျောင်းရှေ့မှာနေ အသက်(၅၆)နှစ်အရွယ်အမျိုးသမီးဟာ နှာစေး၊ချောင်းဆိုးပြီး အနံပျောက်လာတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၀၅)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၃၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ဟင်္သာတခရိုင်

ဟင်္သာတကိုဗစ်လူနာသစ်(၇)ဦးမှာ ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူ၊ သစ်သီးရောင်းချသူနဲ့ ကုမ္ပဏီဝန်ထမ်းပါဝင်လာ

၂၂၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်လူနာ(၇)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ စစ်ဆေးခဲ့ရာ ကုမ္ပဏီဝန်ထမ်း(၁)ဦး၊ ပန်းဘဲတန်းရပ်ကွက်က ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ ပန်းဘဲတန်းရပ်ကွက်က သစ်သီးရောင်းချသူ (၁)ဦး အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ကိုဗစ်ဖြစ်ပြီးပြန်ကောင်းသူတွေ ကာကွယ်ဆေးထပ်ထိုးဖို့ လိုပါသလား

ရေးသားသူ – Aunghein PhoeKhwar ၂၀ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ ကိုဗစ်ရောဂါက တခဏတာဖြစ်ပြီး ပြန်ပျောက်သွားတတ်တဲ့ရောဂါပါ၊ သို့သော်လည်း တစ်ရာသီဖြစ်ပြီး နောက်တစ်ရာသီမှာ ထပ်ပြန်ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါကြောင့် ပျောက်ကင်းသွားသူများလည်း [ဆက်လက်ဖတ်ရှုရန်]

Uncategorized

မြန်မာနိုင်ငံကို ရောက်လာမယ့် ကိုဗစ်ကာကွယ်ဆေး

ရေးသားသူ – Dr Aunghein Phoekhwar ၁၅ ၊ ဇန်နဝါရီလ ၊ ၂၀၂၀ ။ မြန်မာနိုင်ငံကိုရောက်ရှိလာမယ့် ကိုဗစ်ကာကွယ်ဆေး COVISHIELD ကို ဗိုင်းရပ်၂မျိုးကိုပေါင်းစပ်ထားတဲ့နည်းပညာ (Recombinant adenoviral vector vaccine) [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၅၈)ဦးတွေ့ရှိ

၁၁၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီနေ့ည(၈)နာရီ ရန်ကုန်ဓာတ်ခွဲဌာနက ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်အတည်ပြုလူနာသစ်(၅၈)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်ဓာတ်ခွဲခန်းဆီကို(၁၇၅)ယောက်ရဲ့ နမူနာတွေ ပေးပို့စစ်ဆေးခဲ့ရာ ဒီကနေ့မှာတော့ (၅၇)ဦးကိုဗစ်ရောဂါတွေ့ရှိပြီး အုတ်ပုံဆိပ်က ကုန်ကားယာဥ်နောက်လိုက်တစ်ဦးမှာလည်း ရောဂါတွေ့ရှိခဲ့တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာသစ်ဆယ်ဦးမှာ ဈေးသည်နဲ့ဆားစက်ဝန်ထမ်းတွေပါဝင်

၁၀၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာသစ်(၁၀)ဦးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ရွှေဘုံသာကမ်းနားလမ်းက ဆားစက်ဝန်ထမ်းကိုဗစ်လူနာ(၆၉၁)ရဲ့ အသက်(၃၃)နှစ်အရွယ်ဇနီးနဲ့(၈)နှစ်အရွယ်သမီးတို့ဟာ နန္ဒဆောင်မှာကွာရန်တင်းဝင်နေရာကဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ ဟိုတယ်ကွာရန်တင်း၀င်နေတဲ့ ရန်ကုန်ကနေပုသိမ်ကိုပြန်လာသူ အသက်(၅၅)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ပဒင်းတန်းမှာနေထိုင်တဲ့ လူနာ(၇၁၈)ရဲ့အစ်မဖြစ်သူတို့ကို ဒီနေ့စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]