ဧရာဝတီတိုင်းမှာသုံးနှစ်အတွင်း ဘင်္ဂါလီသုံးရာကျော် ဖမ်းမိ


၂၃၊ ဇန်နဝါရီ၊ ၂၀၂၁။

ဧရာဝတီတိုင်းမှာ ၂၀၁၈ခုနှစ်ကနေ ၂၀၂၀ထိ ရခိုင်ပြည်နယ်က ၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီ(၃၀၇)ဦး ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

နိုင်ငံသားအထောက်အထားမဲ့ဖမ်းမိမှု အနေနဲ့ ၂၀၁၈ခုနှစ်မှာ (၅)ကြိမ်ဖမ်းမိခဲ့ပြီး လူဦးရေ (၅၃)ဦး၊ ၂၀၁၉က(၃)ကြိမ်ဖမ်းမိခဲ့ပြီး လူဦးရေ(၁၄၈)ဦး၊ ၂၀၂၀ခုနှစ်က (၃)ကြိမ်ဖမ်းမိခဲ့ပြီး လူဦးရေ (၁၀၆)ဦး ရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒီအထောက်အထားမဲ့ ဝင်လာတဲ့လူတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ သူတို့လာတဲ့ နေရာတွေကို ပြန်ပို့ပေးခဲ့ပြီး၊ လိုက်ပို့တဲ့လူတွေကိုတော့ သက်ဆိုင်ရာရဲစခန်းတွေမှာ ဥပဒေအတိုင်း အရေးယူထားတယ်လို့ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ ကျောက်မောင်နှစ်မကမ်းခြေမှာဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ (၇)ဦးကိုတော့ သူတို့နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။

ဇန်နဝါရီလ ၁၈ရက်နေ့က မော်လမြိုင်ကျွန်းမြို့နယ် ၊ ရာဇူးဒိုင်မြစ်အတွင်းက စက်လှေတစ်စီးပေါ်မှာ အထောက်အထားမဲ့ ဘင်္ဂဂါလီလူမျိူး(၃၄)ဦးနဲ့ ဇန်နဝါရီလ(၂၀) ရက်နေ့မှာတော့ မအူပင်မြို့ ၊ ခတ္တိယစစ်ဆေးရေးဂိတ်မှာ ဘင်္ဂဂါလီ(၂)ဦးနဲ့ လိုက်ပို့သူ(၃)ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကုန်းလမ်း ၊ ရေလမ်းတွေကနေတဆင့် ရခိုင်ပြည်နယ်ပြင်ပကို ထွက်ခွာကြတဲ့ နိုင်ငံအထောက်အထားမဲ့သူတွေကို မကြာခန ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။