ဟင်္သာတကိုဗစ်လူနာသစ်(၇)ဦးမှာ ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူ၊ သစ်သီးရောင်းချသူနဲ့ ကုမ္ပဏီဝန်ထမ်းပါဝင်လာ

၂၂၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်လူနာ(၇)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ စစ်ဆေးခဲ့ရာ ကုမ္ပဏီဝန်ထမ်း(၁)ဦး၊ ပန်းဘဲတန်းရပ်ကွက်က ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ ပန်းဘဲတန်းရပ်ကွက်က သစ်သီးရောင်းချသူ (၁)ဦး အပါအဝင် (၅)ဦး၊ ဦးပါရဲတန်ဆောင်းစစ်ဆေးရေးစခန်းမှ(၁)ဦး၊ အထက(၂)က (၁)ဦးတို့ကို ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ ဟင်္သာတမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်မေသန္တာက ပြောပါတယ်။

နောက်ထပ် ဒီကနေ့မနက်မှာ ဦးအောင်မြတ်ကျော်တန်ဆောင်းစစ်ဆေးရေးစခန်းမှာ လက်ရှိအချိန်အထိ ကိုဗစ်အတည်ပြုလူနာ(၅)ဦး ထပ်မံတွေ့ရှိထားတယ်လို့ ဒေါ်မေသန္တာက ဆက်ပြောပါတယ်။

ဟင်္သာတ​မြို့မှာ စက်တင်ဘာ ၇ရက်နေ့မှ ဒီနေ့အထိ ကိုဗစ်ရောဂါတွေ့ရှိသူပေါင်း (၇၅၄)ဦးရှိပြီး ဆေးရုံဆင်းခွင့်ပြုလိုက်သူ(၆၄၆)ဦးနဲ့ သေဆုံးသူ(၁၀)ဦးရှိတယ်လို့ ဟင်္သာတပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းများအရသိရပါတယ်။