မော်ကျွန်း ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရပြီးနောက် ဒေသခံသုံးဆယ်ကျော်ကို စစ်ကောင်စီဖမ်းဆီး

မော်ကျွန်း ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရပြီးနောက် ဒေသခံသုံးဆယ်ကျော်ကို စစ်ကောင်စီဖမ်းဆီး

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည် သေနတ်ပစ်ခံသေဆုံးပြီးနောက် ဆာဝါရီ လ္ဘက်ရည်ဆိုင်ပိုင်ရှင် မမော်အပါအဝင် အနီးအနားစျေးဆိုင်တွေက အမျိုးသမီး (၁၀) ဦး အပါအဝင် လူ( ၃၀) ကျော်ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးမှု တွေပြုလုပ်နေပြီး ၊ ပြန်လွတ်လာသူတချို့ ရှိသလို ဆက်လက်ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ မော်ကျွန်းမြို့ ဒေသခံတွေက ပြောပါတယ်။ ” ၁၃ လမ်းကအဖမ်းခံရသူများတယ်။…

Read More
ကြံခင်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

ကြံခင်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ၊ ပန်းရံစုကျေးရွာမှာရှိတဲ့ တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “လက်ပစ်ဗုံးက ရုံးခန်းထဲအထိ မရောက်လို့ တော်သေးတယ် အသံက အတော်ကျယ်တယ် လူတွေ တော့ မထိသွားဘူး” လို့ ဆိုပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးပေါ်ကနေ ကျေးရွာအုပ် ချုပ်ရေးမှူးရုံးကို ပစ်ပေါက်သွားတာလို့ ပြောပါတယ်။ ရုံးအပြင်ဘက်မှာပေါက်ကွဲတာ ဖြစ်လို့ လူထိခိုက်မှု…

Read More
ရေကြည်က မှုခင်းသတင်းထောက်တဦးကို စစ်ကောင်စီက ဖမ်းဆီး

ရေကြည်က မှုခင်းသတင်းထောက်တဦးကို စစ်ကောင်စီက ဖမ်းဆီး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ မှုခင်းသတင်းထောက် ကိုဆန်းတင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီက ဖမ်းထားတယ်လို့သိရပါတယ်။ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက် ကိုဆန်းတင့် ဟာ ဧရာ ဝတီတိုင်း စိုက်ပျိုးရေးဝန်ကြီးရဲ့ တိုင် တန်းချက်အရ အောက်တိုဘာလ ၃ ရက်နေ့က အဖမ်းခံရတာလို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။ “အိုင်ဇောက် ကွင်းလျှား ရေကြီးနစ်မြုပ်လို့ စပါးခင်းတွေပျက်စီးတယ်ဆိုပြီး သတင်းအမှား ရေးလို့ အဖမ်းခံ ရတာ”လို့…

Read More
ဘိုကလေး လဝကရုံးဝန်ထမ်းတွေ ငွေတောင်းကြမ်းပြီး ပြည်သူအပေါ် မောက်မာနေတယ်လို့ဆို

ဘိုကလေး လဝကရုံးဝန်ထမ်းတွေ ငွေတောင်းကြမ်းပြီး ပြည်သူအပေါ် မောက်မာနေတယ်လို့ဆို

ဧရာဝတီတိုင်း၊ဘိုကလေးမြို့ကစစ်ကောင်စီလက်အောက်ခံ လဝကရုံးဝန်ထမ်းတွေဟာ ငွေကြေးမတရား တောင်းခံနေတဲ့အပြင် လ.ဝ.က ဆိုင်ရာ ကိစ္စတွေနဲ့ရုံးရောက်လာတဲ့ ပြည်သူတွေအပေါ် မောက်မောက်မာမာ ပြောဆိုဆက်ဆံနေကြတယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။ မှတ်ပုံတင် ပျက်စီးနေလို့ အသစ်ပြန်လည် လျှောက် ထားရာမှာ အဲ့ဒီရုံးက ဝန်ထမ်းတွေကို ကျပ်ငါးသောင်း ပေးခဲ့ရတယ်လို့ ဘိုကဘေးမြို့နယ်အတွင်း ကျေးရွာတရွာက အမည်မဖော်လိုတဲ့ ဒေသခံတဦးက ကိုယ်တိုင်ကြုံ ခဲ့ရတဲ့အခြေအနေကို ပြောပါတယ်။ “ပထမတော့ နေ့ချင်းပြီး လုပ်ပေးမယ်၊ သုံးသောင်းပေးရမယ်လို့ သူတို့ကပြောပါတယ်၊အချက် အလက်တွေ…

Read More
မော်ကျွန်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

မော်ကျွန်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း ၊ မော်ကျွန်းမြို့နယ်၊ ချမ်းမြေ့(၁၃)ရပ်ကွပ်က မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် ကိုခင်မောင်ကြည်ကို ဒီနေ့ ညနေ (၄)နာရီ ခွဲလောက်မှာ သေနတ်နဲ့ လာပစ်သွားတဲ့အတွက် လည်ပင်း ထုတ်ချင်းပေါက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ကိုခင်မောင်ကြည်က အရင်တုန်းကတော့ ရပ်ကွက်အဆင့်ပြည်သူ့စစ်လောက်ပါ။ အခု အသစ်လိုက်ဖွဲ့တဲ့ အဖွဲ့မှာ သူကမြို့နယ်မှာ အကြီးဆုံးရာထူး ရထားတာ။ ပျူစောထီးအကြီးပေါ့။ သင်တန်းတက်လိုက်ပြီးမှ သေနတ်တွေဘာတွေ သူတို့ကိုင်နေကြရတယ်လို့ ကြားတော့ကြားတယ် ။ အခုတော့ ဟိုက လာပြီး…

Read More
ပုသိမ်မြို့ မိုင်တဲဆက်သွယ်ရေး ရုံးရှေ့ ဗုံးပေါက်

ပုသိမ်မြို့ မိုင်တဲဆက်သွယ်ရေး ရုံးရှေ့ ဗုံးပေါက်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းရှိ အဆင့်မြင့် ကုန်စည်ဒိုင် အဆောက်အအုံက Mytel မိုင်တဲဆက်သွယ်ရေးရုံးရှေ့ မှာ ဒီ​နေ့အောက်တိုဘာ ၂ ရက်နေ့ ည၈ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံ​တွေဆီက သိရပါတယ်။ “ဝုန်း ဆိုတဲ့ အသံက အိမ်တောင်တုန်သွားတယ် ခဏကြာတော့ စစ်တပ်နဲ့ရဲတွေရောက် ပြီး ကမ်းနား လမ်းမကြီးကို ပိတ်ပြီးစစ်ဆေးတာတွေ လုပ်ကြတယ်” လို့ မိုင်တဲရုံးရှေ့…

Read More
PDF တွေ ရေလမ်းက ဝင်လာမယ်ဆိုတဲ့သတင်းကြောင့် မအူပင် တိုးမြစ်အတွင်း ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

PDF တွေ ရေလမ်းက ဝင်လာမယ်ဆိုတဲ့သတင်းကြောင့် မအူပင် တိုးမြစ်အတွင်း ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ တိုးမြစ်အတွင်းနဲ့ မြစ်လက်တက် ချောင်းလက်တက်တွေအတွင်း ရေချိုငါးဖမ်း လုပ်ငန်းလုပ်ကိုင် နေတာကို အောက်တိုဘာလ(၁)ရက်ကစပြီး စစ်ကောင်စီက ပိတ်ပင်တား မြစ်လိုက်ပါတယ်။ ဒီလိုပိတ်ပင်လိုက်တာဟာ PDF တွေ ရေကြောင်းလမ်း ကနေ ဒေသ အတွင်း ဝင်ရောက်လာမယ် ဆိုတဲ့ သတင်း ကြောင့် ဖြစ်တယ်လို့ ဒေသခံ အုပ် ချုပ်ရေး အဖွဲ့ နဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ “မနေ့( အောက်တိုဘာ ၁ရက်နေ့)…

Read More
ဟင်္သာတမှာ NLD ရပ်ကျေးဥက္ကဋ္ဌတဦးရဲ့ နေအိမ် ချိပ်ပိတ်ခံရ

ဟင်္သာတမှာ NLD ရပ်ကျေးဥက္ကဋ္ဌတဦးရဲ့ နေအိမ် ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ် ရပ်ကွက်နေ NLD ရပ်ကျေး ဥက္ကဋ္ဌတဦးကို  PDF နဲ့ ပါတ်သက်တယ်စွပ်စွဲပြီး သူ့ရဲ့နေအိမ်ကို  အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချိပ်ပိတ်လိုက်တယ်လို့ မြို့ခံတွေ ဆီက သိရပါတယ်။ ဟင်္သာတမြို့ ၊ တာလေးရပ်ကွက် ဗဂျီးနီးယား (၆)လမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်းရဲ့ နေအိမ်ကို စစ်တပ်၊ ရဲတွေနဲ့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ အဖွဲ့က…

Read More
ဖျာပုံရဲချုပ် နိုင်ကျဉ်းတွေကို ကျိုက်လတ်အချုပ်သို့ ပြောင်းရွှေ့

ဖျာပုံရဲချုပ် နိုင်ကျဉ်းတွေကို ကျိုက်လတ်အချုပ်သို့ ပြောင်းရွှေ့

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ ရဲစခန်းနဲ့ စစ်ကြောရေး စခန်းတွေမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရ တဲ့ လူ(၃၀) နီးပါးကို ကျိုက်လတ်မြို့မ ရဲစခန်းအချုပ်ဆီကို ဒီနေ့ မနက် ၉ နာရီကျော်က စပြီး အသုတ်လိုက် ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ “ဖျာပုံမှာ လန့်လန့်နဲ့ ကြားကြားနေတာလေ။ဘယ်နေ့ PDF တွေဝင်လာမယ်၊ဘာမယ်၊ ဘာလုပ်မယ်ပေါ့။ အဲလိုဆိုတော့ ရဲအချုပ်ခန်းရဲ့ မလုံခြုံမှုကို စိုးရိမ်တာလည်းပါမယ်။ ကျိုက်လတ်အချုပ်က လူချောင်နေလို့လည်း ဖြစ်နိုင်တယ်။…

Read More
ကျောင်းကုန်းမြို့မရဲစခန်းက အချုပ်သားနှစ်ယောက်မှာ ကိုဗစ်ပိုးတွေ့

ကျောင်းကုန်းမြို့မရဲစခန်းက အချုပ်သားနှစ်ယောက်မှာ ကိုဗစ်ပိုးတွေ့

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့မ ရဲစခန်းက အချုပ်သား (၂)ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ မြို့နယ် ကျန်းမာရေးဦးစီးဌာန ကပြောပါတယ်။ စက်တင်ဘာလ (၂၆) ရက်နေ့က အသက်( ၆၀) နှစ် အရွယ်ရှိ အချုပ်သား အမျိုးသား တဦးနဲ့ စက်တင်ဘာ ( ၂၄ ) ရက်နေ့က အသက် ( ၂၂ )နှစ် အရွယ် အချုပ်သား လူငယ်အမျိုးသား…

Read More