စက်သုံးဆီ ပြတ်လပ်သွားပြီး မြောင်းမြက ဆီဆိုင်အချို့ ပိတ်လိုက်ရ

စက်သုံးဆီ ပြတ်လပ်သွားပြီး မြောင်းမြက ဆီဆိုင်အချို့ ပိတ်လိုက်ရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မြောင်းမြမြို့က စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်သွားပြီး ဆီဆိုင်အချို့ ယာယီပိတ်ထားလိုက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဆီကုန်သွားလို့ ပိတ်ထားတာ မဖြစ်နိုင်ဘူး၊ မနက်ထဲက ပိတ်ထားတာ ဆီကုန်နေတယ်လို့ အကြောင်းပြပြီးတော့ ဘုရားချောင်းအဆင်းကဆိုင်ရော ပတ်လမ်းကဆိုင်တချို့ရော ပိတ်ထားတယ်၊ ကားကြီးတွေကိုပါ မရောင်းတာ၊ လမ်းဘေးဆိုင်သေးသေးလေးတွေလဲ ကြောက်ပြီး မရောင်းရဲဘူး၊ အဓိက စျေးကို မမှန်းရဲလို့ဖြစ်ကုန်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒေါ်လာစျေးနှုန်းအပြောင်းအလဲတွေကြောင့် စက်သုံးဆီစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ကုန်ကားတွေကို အချိုးကျ စနစ်နဲ့သာ အနည်းငယ်ရောင်းချပေးနေတယ်လို့…

Read More
​​ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဘယ်ရောက်နေသလဲ

​​ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဘယ်ရောက်နေသလဲ

၂၇၊ စက်တင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းကထဲက ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဌ ဒုဥက္ကဌတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဟာ အခုဆိုလျှင် ၇လကျော်အချိန်ကို ရောက်ရှိနေပါပြီ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် အခြားသော တိုင်းနဲ့ပြည်နယ်တွေက အစိုးရအဖွဲ့ဝင်တွေရဲ့ သတင်းအချို့ကို ထုတ်ပြန်ခဲ့ပေမဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတင်းကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ အချိန် ၇လကျော်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့…

Read More
ရေကြည်မြို့နယ် ဇရပ်လှကျေးရွာတွင် ဗုံးပေါက်

ရေကြည်မြို့နယ် ဇရပ်လှကျေးရွာတွင် ဗုံးပေါက်

၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ရေကြည်မြို့နယ် ဇရပ်လှကျေးရွာမှာ စက်တင်ဘာလ ၈ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းသိန်း ခေါ် ဦးကုလားကြီးရဲ့ နေအိမ်ကို အမည်မသိသူတစ်ဦးက လာရောက်ပို့ဆောင်ခဲ့တဲ့ ပါဆယ်ထုပ် တစ်ထုပ်ကို ယူထားမိပြီး မကြာခင်မှာ ပါဆယ်ထုပ်အတွင်းကနေ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။   ပေါက်ကွဲမှုကြောင့် ဦးမျိုးမင်းသိန်းနဲ့အတူ မိသားစုဝင်တွေပါ ပြင်းထန်စွာ ဒဏ်ရာတွေ…

Read More
ပုသိမ်မှာ လူငယ်တွေကို PDF လို့ စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စုက လိုက်လံဖမ်းဆီးနေ

ပုသိမ်မှာ လူငယ်တွေကို PDF လို့ စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စုက လိုက်လံဖမ်းဆီးနေ

၃၊ စက်တင်ဘာလ၊ ၂၀၂၁။ ဧရာ၀တီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ် (PDF) လို့ စွပ်စွဲပြီး လူငယ် ၈ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “၃၀ရက်နေ့က ရွာက ကောင်လေး ၂ယောက်ကိုဖမ်းပြီး ၁ယောက်ပဲပြန်လွှတ်တယ် ၊ ၃၁ရက်နေ့က ကောင်လေးတစ်ယောက်က သူ့နာမည်ထွက်နေလို့ မပါကြောင်းသွားပြောတာ ဖမ်းထားလိုက်တယ် ၊ ၁ရက်နေ့က ရွာNLDပါတီက ၂ယောက်ကိုလာဖမ်းတယ် ၊ ၂ရက်နေ့ကတော့ လာတယ်…

Read More
ဟင်္သာတမြို့က ခိုလှုံရာ ဘိုးဘွားရိပ်သာကို စစ်အုပ်စုက ဝင်ရှာ 

ဟင်္သာတမြို့က ခိုလှုံရာ ဘိုးဘွားရိပ်သာကို စစ်အုပ်စုက ဝင်ရှာ 

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ ဟင်္သာတမြို့ အောင်ချမ်းသာကျောင်းလမ်း၊ လယ်တီရပ်ကွက်မှာရှိတဲ့ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာကို ဒီနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေခဲ့လို့ အဘိုးအဘွားတွေ ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။ ဘိုးဘွားတွေနေတဲ့အခန်းတွေကို တစ်ခန်းဝင် တစ်ခန်းထွက် ဝင်ရောက်ရှာဖွေပြီးနောက် ရိပ်သာရဲ့ ငွေကြေးရန်ပုံငွေတွေကိုလည်း စစ်ဆေးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခိုလှုံရာကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ မသင်းရွှေစင်လှိုင်ကို စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့သူ တစ်ဦးဖြစ်တာမို့ ပထမအကြိမ် စကစ မှ အင်အား…

Read More
ကိုဗစ်နဲ့သေဆုံးသူ ဆက်တိုက်ကျဆင်းလာတဲ့ ပုသိမ်မြို့

ကိုဗစ်နဲ့သေဆုံးသူ ဆက်တိုက်ကျဆင်းလာတဲ့ ပုသိမ်မြို့

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၃၁ရက်နေ့က ကိုဗစ်လူနာ (၅)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ ၁ဦးနဲ့ နေအိမ်တွေမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ၄ဦးရှိခဲ့ပါတယ်။   ဩဂုတ်လ ၁၅ရက်နေ့ နောက်ပိုင်းက စတင်ကာ ပုသိမ်မြို့မှာ ကိုဗစ်နဲ့သေဆုံးသူဟာ နေ့စဉ် ၁၀ဦးနဲ့ အောက်ကို ရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ…

Read More
ဒလန်အသတ်ခံရပြီး ကန်ကြီးထောင့်နဲ့ပုသိမ်မှာ အဖမ်းခံရသူများလာ 

ဒလန်အသတ်ခံရပြီး ကန်ကြီးထောင့်နဲ့ပုသိမ်မှာ အဖမ်းခံရသူများလာ 

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ ကန်ကြီးထောင့်မြို့က ဒလန်လို့ နာမည်ကြီးနေတဲ့ ကိုမောင်မြင့်ဆို သူသေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း ကန်ကြီးထောင့်နဲ့ပုသိမ်မြို့မှာ လူငယ်တွေအဖမ်းခံရတာပိုများလာတယ်လို့သိရပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၆နာရီလောက်က ကန်ကြီးထောင့်မြို့ ဥယာဥ်စု ရပ်ကွက်မှာနေထိုင်တဲ့ ဒလန်မောင်မြင့် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် မြို့ပေါ်မှာနေထိုင်တဲ့ အမျိုးသား၂ဦးနဲ့အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သြဂုတ်လ၃၀ရက်နေ့က ကန်ကြီးထောင်မြို့ပေါ်ကအမျိုးသားတစ်ဦးနဲ့ပိတောက်ပင်ကျေးရွာက အမျိုးသား၃ဦး၊အမျိုးသမီး၂ဦးနဲ့ မွေးခင်းစကလေးငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားပြီးခုထိအဆက်သွယ်မရသေးဘူးလို့သိရပါတယ်။   ဒါ့အပြင်ပုသိမ်မြို့မှာ သြဂုတ်၃၀နေ့လည်ပိုင်းက ရှောပြာကျေးရွာကို အိမ်စီးကားအရပ်၀တ်တွေနဲ့၀င်ရောက်ကာ လူငယ်၂ဦးကိုရိုက်နှက်ဖမ်းဆီးခဲ့ပြီး…

Read More
ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေ

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေ

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှာရှိတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို ဩဂုတ်လ ၂၉ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေပြီးနောက် မော်တော်ယာဉ်တစ်စင်းနဲ့ ပစ္စည်းအချို့ကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ ပြောက်ကျားဝတ်စုံနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ တောတွင်း တစ်နေရာက မန်းဂျော်နီရဲ့ ဓာတ်ပုံထွက်ပေါ်လာပြီးနောက်မှာ အခုလို စစ်အုပ်စုက ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ “အင်အားအတော်များတယ်လာပြီးတော့ အိမ်ကိုဝိုင်းတာ၊ အနားက ဘုရားကျောင်းမှာလည်း ရှာတယ် အဖိုးအိမ်ကိုလည်း ရှာတယ်၊ ပြီးတော့…

Read More
ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၃ဦးသေဆုံး

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၃ဦးသေဆုံး

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၂၉ရက်နေ့က ကိုဗစ်လူနာ (၃)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့သေဆုံးသူ ၃ဦးဟာ နေအိမ်တွေကနေက်ိုဗစ်နဲ့သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။   ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၃၁၇)ဦးအပါအ၀င် စုစုပေါင်း (၁၁၂၇)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Read More
ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၇ဦးသေဆုံး 

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၇ဦးသေဆုံး 

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၂၉ရက်နေ့က ကိုဗစ်လူနာ (၇)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့မှာပုသိမ်ဆေးရုံက နေသေဆုံးသူ၁ဦးနဲ့နေအိမ်တွေကနေသေဆုံးသူ၆ဦးဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၃၁၄)ဦးအပါအ၀င် စုစုပေါင်း (၁၁၂၄)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Read More