ငပုတောမြို့မှာ စစ်အုပ်စုသတင်းပေးလို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး အပစ်ခံရ

ငပုတောမြို့မှာ စစ်အုပ်စုသတင်းပေးလို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး အပစ်ခံရ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ သစ်ရောင်းကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးနေတယ်လို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့ ည၁၀နာရီ ၄၀မိနစ်ခန့်မှာ ငပုတောမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တွေက ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပြီး သေဆုံးသူ ဦးအောင်ထွန်းမင်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ဒုက္ခပေးနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ “သတင်းပေးသေချာ ဟိုရက်က အဖမ်းခံရတာတွေက သူ့ကြောင့်၊ PDFတွေက သတိပေးထားတာကြာပြီ…

Read More
၂လခွဲကျော်မှာ ဧရာဝတီတိုင်း စစ်အုပ်စုပစ်မှတ်တွေကို အကြိမ်၈၀ကျော် တိုက်ခိုက်နိုင်ခဲ့

၂လခွဲကျော်မှာ ဧရာဝတီတိုင်း စစ်အုပ်စုပစ်မှတ်တွေကို အကြိမ်၈၀ကျော် တိုက်ခိုက်နိုင်ခဲ့

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ NUG အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာ၇ရက်နေ့ကနေ နိုဝင်ဘာ၃၀ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပစ်မှတ် တွေကို ၈၅ကြိမ် တော်လှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဧရာဝတီတိုင်း တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးပစ်မှတ်၁၃ခု၊စီးပွားရေးပစ်မှတ်၂၂ခုနဲ့အုပ်ချုပ်ရေးပစ် မှတ် အခု၅၀တို့ကို တော်လှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနက ဒီကနေ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလအတွင်း လှုပ်ရှားမှု ၂၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် ပုသိမ်-ချောင်းသာ ဝန်ကြီးကားတန်း မိုင်းဆွဲတိုက်ခိုက်မှု၊ ပုသိမ်အသည်ကြီးရဲစခန်းဟောင်း ဝင်ရောက်ပစ်ခတ်မှု စတဲ့ ပိုမိုအားကောင်းလာတဲ့…

Read More
ပုသိမ်မြို့အခြေစိုက် အမှတ်(၉၀၇)တပ်တွင်း ပေါက်ကွဲမှုဖြစ်

ပုသိမ်မြို့အခြေစိုက် အမှတ်(၉၀၇)တပ်တွင်း ပေါက်ကွဲမှုဖြစ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ပုသိမ်မြို့ အခြေစိုက် အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာတပ်အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ မနက် ၉နာရီ ၄၅မိနစ်ခန့်မှာ တပ်တွင်းက ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီး အနီးဝန်းကျင်က ကျေးရွာတွေကပါ ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ သိရပါတယ်။ “အသံကတော်တော်ကျယ်တယ် သူတို့ဘက်ကပြောတာတော့ တပ်ထဲက စက်ယန္တရားတစ်ခုပေါက်ကွဲတာလို့ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းက တပ်တွေအပြင်…

Read More
ချောင်းသာမှာ နေအိမ်တစ်လုံးချိတ်ပိတ်ခံရပြီး ပြည်သူတစ်ချို့ဖမ်းဆီးခံရ

ချောင်းသာမှာ နေအိမ်တစ်လုံးချိတ်ပိတ်ခံရပြီး ပြည်သူတစ်ချို့ဖမ်းဆီးခံရ

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဒေသခံအချို့ကို PDFနဲ့ ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးပြီးနောက် နေအိမ်တစ်လုံးကို ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၂၁ရက်နေ့ မနက် ၉နာရီခန့်မှာ ချောင်းသာမြို့ ၂ရပ်ကွက်က နေအိမ်တစ်လုံးကို စစ်အုပ်စုက ဝင်ရောက်ချိတ်ပိတ်ပြီး အိမ်ပိုင်ရှင် အသက်၆၀အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်မြို့အတွင်းမှာ နေထိုင်တဲ့ အမျိုးသား ၅ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့…

Read More
စစ်ကြောရေးမှာကျဆုံးသွားတဲ့ လပွတ္တာလူငယ်ရဲ့အလောင်း မိသားစုကြည့်ခွင့်မရဘဲ မီးသင်္ဂြိုဟ် 

စစ်ကြောရေးမှာကျဆုံးသွားတဲ့ လပွတ္တာလူငယ်ရဲ့အလောင်း မိသားစုကြည့်ခွင့်မရဘဲ မီးသင်္ဂြိုဟ် 

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊လပွတ္တာမြို့က စစ်ကြောရေးမှာကျဆုံးသွားတဲ့လူငယ်တစ်ဦးရဲ့အလောင်းကို မိသားစုဝင်တွေ ကြည့်ခွင့်မရဘဲ မီးသဂြိုဟ်လိုက်တယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက သိရပါတယ်။ လပွတ္တာမြို့၊၇ရပ်ကွက်နေ ကိုကျော်သူဝင်း(ခ)ကိုကုလားလေး(၂၃နှစ်)အပါအဝင်သူ့မိဘ နှစ်ပါးစလုံးကို နိုဝင်ဘာ၁၂ရက်နေ့မနက်ကဖမ်းဆီးခဲ့ ပြီးနောက် ၁၃ရက်နေ့ညဘက်မှာ ကိုကျော်သူဝင်းသေဆုံးသွားခဲ့တယ်လို့ လပွတ္တာ မြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ ‘သူ့မိဘတွေကို သေသွားပြီလို့အကြောင်းကြားတယ် ၊သူတို့သားအလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီလို့ ပြောတဲ့အတွက် မိဘတွေကိုယ်တိုင် သူတို့သားအလောင်းကို မကြည့်လိုက်ရဘူး’လို့ သူကပြောပါတယ်။ နိုဝင်ဘာ၁၁ရက်နေ့၊ ည၇နာရီ၄၄မိနစ်မှာ လွပွတ္တာမြို့၊EPC ရုံး လက်လုပ်မိုင်းနဲ့အပစ်ခံရပြီးနောက် ကိုကျော်သူဝင်းတို့…

Read More
စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်အလောင်း ဒီနေ့ သင်္ဂြိုဟ်မယ်

စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်အလောင်း ဒီနေ့ သင်္ဂြိုဟ်မယ်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မအူပင်မြို့ မြို့မရဲစခန်းက သူခိုးလို့စွပ်စွဲကာ ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁နာရီမှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးတစ်ဦး နေအိမ်မှာ ရွှေထည်နဲ့ အတွင်းပစ္စည်းအချို့ ခိုးယူခံခဲ့ရတယ်လို့ဆိုကာ နေအိမ်မှာ ခေါ်ယူခိုင်းထားတဲ့ စည်ပင်ဝန်ထမ်းနဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးကို မအူပင်မြို့နယ် ရဲတပ်ဖွဲ့က ၉ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးရာမှာ…

Read More
ငပုတောမှာ ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ပျောက်လို့ဆိုကာ နယ်ထိန်းက သေနတ်ပစ်ဖောက်သောင်းကျန်း

ငပုတောမှာ ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ပျောက်လို့ဆိုကာ နယ်ထိန်းက သေနတ်ပစ်ဖောက်သောင်းကျန်း

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာမှာ ကျေးရွာက ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်ပျောက်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်း ရဲတပ်သား ကောင်းမြတ်ဇော်ဝင်းက ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ရမ်းကားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာ အရက်မူးနေတဲ့ နယ်ထိန်းရဲတပ်သား ကောင်းမြတ်ဇော်ဝင်းဟာ ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ပြီးတော့ ရမ်းကားခဲ့တာလို့ သိရပါတယ်။ “အဲ့ရဲက တော်တော်မူးနေတာ ရွာထဲဝင်လာပြီး သေနတ်နဲ့ မိုးပေါ် တဒိုင်းဒိုင်းထောင်ပစ်နေတော့ ကြောက်လန့်ပြီးပုန်းနေကြရတယ်၊…

Read More
မြောင်းမြမြို့ သစ်စိမ့်ကုန်းကျေးရွာက ပြည်သူ တစ်ရာနီးပါး ဖမ်းဆီးခံရ

မြောင်းမြမြို့ သစ်စိမ့်ကုန်းကျေးရွာက ပြည်သူ တစ်ရာနီးပါး ဖမ်းဆီးခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာက ဒေသခံပြည်သူ တစ်ရာနီးပါးကို စစ်အုပ်စုက လက်နက်တွေနဲ့တကွ တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၅ရက်နေ့ ည၉နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက သစ်စိမ့်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် လက်နက်တွေတွေ့ရှိတယ်ဆိုပြီး အခုလို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။ “ညတုန်းက စစ်တပ်က ကားသုံးစီးနဲ့ ရွာကိုဝင်မွှေတာလို့ပြောတယ်၊ သေနတ်တွေလဲ တွေ့တယ်လို့ ကြားတယ်၊ တစ်ရွာလုံးနီးပါးပဲ ဖမ်းခံရပြီးတော့ ရဲစခန်းကိုခေါ်လာတာ၊…

Read More
ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်းရေးသားသူ အလွတ်တန်းသတင်းထောက်တစ်ဦး အဖမ်းခံရ

ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်းရေးသားသူ အလွတ်တန်းသတင်းထောက်တစ်ဦး အဖမ်းခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်း ကဗျာကို လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ခေါ်  ကိုညွှန့်လွင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  အောက်တိုဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ “ထန်တလန်ဆိုတာ ငါတို့သွေးချင်တွေနေတဲ့မြို့ ဖေးကူဖို့လိုနေပြီလေ.. သွေးဆူသူတို့လက်နဲ့ အခုတော့ အေးအတူပူအမျှမရှိတော့ဘူး”လို့ ရေးသားခဲ့ပြီးနောက် နိုဝင်ဘာလ ၃ရက်နေ့ စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။  အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ဟာ…

Read More
ရေကြည်မြို့နယ်အတွင်းက နေအိမ်(၇)လုံးကို စစ်အုပ်စုကချိတ်ပိတ်

ရေကြည်မြို့နယ်အတွင်းက နေအိမ်(၇)လုံးကို စစ်အုပ်စုကချိတ်ပိတ်

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် အတွင်းက ပြည်သူ ၇ ဦးရဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်အုပ်စုက နိုဝင်ဘာလ ၁ ရက်နေ့က ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က ဇရပ်လှရွာက ကိုမျိုးမင်းသန်း ရဲ့အိမ်မှာပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက လက်လုပ်ဗုံး စမ်းသပ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ စတင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။  “အမှန်ကသူ့အိမ်ကိုပါဆယ်အထုပ်တစ်ထုပ်ရောက်လာပြီး ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ဗုံးထပေါက်တာပါ မိသားစုတွေလည်း တော်တော်ထိသွားတယ်။ ဗုံးထိသွားလို့ ဆေးရုံတင်ထားရတဲ့…

Read More