ရာသီဥတုကြောင့် သွေးလွန်တုပ်ကွေး ပိုမိုပျံ့နှံ့လာနိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ သတိပေးချက်ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်မှာ မေလကုန်က တဦးပဲ ရှိခဲ့ပေမယ့် ဇွန်လကုန်မှာတော့ ၁၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါကူးစက်ခံရကြောင်း အစီရင်ခံတင်ပြချက်မှာလည်း ၇၁၄ ဦးကနေ ၅,၉၂၄ ဦးအထိ ရှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။

၁ ၊ ဇူလိုင်

မိုးရွာသွန်းမှုနဲ့ ခြင်နှိမ်နင်းရေး လုပ်ဆောင်ချက်တွေ အားနည်းတာကြောင့် သွေးလွန်တုပ်ကွေးရောဂါ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမည့်နှစ်လအတွင်း ရောဂါကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရောဂါကူးစက်ပြန့်ပွားမှု ပြန်လည်မြန်ဆန်လာတာကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်မှာ မေလကုန်က တဦးပဲ ရှိခဲ့ပေမယ့် ဇွန်လကုန်မှာတော့ ၁၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါကူးစက်ခံရကြောင်း အစီရင်ခံတင်ပြချက်မှာလည်း ၇၁၄ ဦးကနေ ၅,၉၂၄ ဦးအထိ ရှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။

“ဒါကာမြို့မှာ ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းဟာ ဇွန်လကထက် အနည်းဆုံး နှစ်ဆလောက် မြင့်တက်လာနိုင်ပြီး ဩဂုတ်လကျရင် သုံးဆ ဒါမှမဟုတ် လေးဆအထိ မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်” လို့ Jahangirnagar တက္ကသိုလ်မှ ပိုးမွှားဗေဒပညာရှင် ပရော်ဖက်ဆာ ခါဘီရူ ဘာရှာ က ပြောပါတယ်။

“ဒါပေမဲ့ ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုကတော့ မြို့တော်ရဲ့ ပြင်ပဒေသတွေမှာ ဖြစ်ဖို့များပါတယ်။ အဲဒီက ခရိုင်တော်တော်များများမှာ ကူးစက်မှုနှုန်းဟာ အခုထက် အများကြီး ပိုပြီး ဆိုးဆိုးရွားရွား မြင့်တက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်” လို့ သူကဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ လူပေါင်း ၃၂၁,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရပြီး ၁,၇၀၅ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးကူးစက်သူ ၁၀၂,၈၆၁ ဦးနဲ့ သေဆုံးသူ ၄၁၃ ဦး ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်က ကူးစက်သူ ၁၀၁,၂၁၄ ဦးနဲ့ သေဆုံးသူ ၅၇၅ ဦး ရှိခဲ့ပါတယ်။

အခုလို သွေးလွန်တုပ်ကွေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်ဟာ နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဝက်သက်ရောဂါ ကူးစက်မှုလှိုင်းကို ရင်ဆိုင်နေရချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မတ်လလယ်ကတည်းက ဝက်သက်ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိသူ ၁၀၀,၀၀၀ ကျော်နဲ့ အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိကြောင်း အစီရင်ခံထားပြီး သေဆုံးသူ ၇၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလက်ရှိအခြေအနေဟာ အရင်ကတည်းက အားနည်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ပိုမိုဖိအားဖြစ်စေခဲ့ပါတယ်။

မိုးသည်းထန်စွာရွာတာ ၊ ပူနွေးတဲ့ အပူချိန်နဲ့ စိုထိုင်းဆမြင့်မားခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားဖို့ အကောင်းဆုံးအခြေအနေ ဖြစ်နေပေမယ့်လည်း ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကတော့  အမီမလိုက်နိုင်ဘူး ဖြစ်နေတယ်လို့ ဘာရှာက ပြောခဲ့ပါတယ်။

အာဏာပိုင်တွေအနေဖြင့် ရောဂါကူးစက်မှု ပိုမဆိုးရွားလာခင် အချိန်မီတုံ့ပြန်နိုင်ဖို့နဲ့ ဒေသခံလူထုကို သတိပေးနိုင်ဖို့အတွက် ခြင်ပေါက်ဖွားတဲ့နေရာများနဲ့ ရောဂါကူးစက်မှုများတဲ့နေ နေရာတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်မယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြိုတင်သတိပေးစနစ်တစ်ခုကို ထူထောင်ဖို့ သူက တိုက်တွန်းထားပါတယ်။

Ref : Reuters