မတ် ၊ ၂၀ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းမှာ ဒီကနေ့ ညနေပိုင်းက စစ်ထောက်လှမ်းရေးအတွက်အလုပ်လုပ်နေတဲ့ ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူနဲ့မိသားစုဝင်အမျိုးသမီးတဦးတို့ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတွေက DNAကိုပြာပါတယ်။ အမည်မသိသေနတ်တွေရဲ့ပစ်ခတ်မှုကြောင့် ဒုတိယဗိုလ်မှူးကြီးရဲ့သားဖြစ်သူ ဝင့်မိုးအောင်ဆိုသူဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ” ၅နာရီခွဲလောက်မှာဖြစ်သွားတာ။သေနတ်သမားတွေက သူတို့ရဲ့အိမ်အရှေ့မှာပဲပစ်သွားတာ။အဒေါ်ကြီးတယောက်ကိုပါပစ်သွားတာ။အခုတော့ နှစ်ယောက်စလုံးကိုသယ်သွားပြီ။အမျိုးသမီးကြီးလည်း သေဖို့များတယ်”လို့ ဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေ ၊အရပ်ဝတ်နဲ့လက်နက်ကိုင်တွေရောက်လာပြီး ဆီဆုံလမ်းကို ဗဟိုလမ်းဘက်အခြမ်းနဲ့မြင့်မိုရ်လမ်းဘက်အခြမ်းတွေကို ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ “ပစ်တာ လေးချက်၊သိသလာက်ကတော့…
Read Moreမတ်၊ ၃ ရန်ကုန်မြို့၊လှိုင်မြို့နယ်က သီရိမင်္ဂလာစျေးအတွင်းမှာ ခိုးဆိုးနှိုက်တွေက စစ်ကောင်စီလက်အောက်ခံ ရဲကင်းနဲ့ရဲစခန်းက ရဲတွေနဲ့ပေါင်းပြီး စျေးဝယ်သူတွေနဲ့ ကိုယ်ပိုင်ယာဥ်၊အငှားယာဥ်တွေဆီက ခိုးယူးတာတွေအပြင် ဖောက်ထွင်းခိုးယူတာတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေတာကြောင့် စျေးရောင်းချသူတွေ၊စျးဝယ်သူတွေနဲ့အငှားယာဥ်မောင်းစတဲ့ပြည်သူတွေအနေနဲ့ အခက်အခဲတွေဖြစ်နေတယ်လို့ DNAကိုပြောပါတယ်။ သီရိမင်္ဂလာစျေးအတွင်း ခိုးဆိုးလုယက်သူတွေဟာ လက်ရှိမှာအုပ်စုဖွဲ့ခိုးယူတာတွေအပြင် ခိုးယူနေတာကိုတွေ့ရှိလို့ ပြောဆိုသူတွေကို အသက်အန္တရာယ်ပေးတဲ့အထိ လုပ်ဆာင်တာကြောင့်လည်း ခိုးယူ၊ဖောက်ထွင်းနေတာကို တွေ့မြင်ပေမယ့် မပြောရဲဘဲ ကြည့်နေရအထိဖြစ်နေတာလို့လည်း စျေးအတွင်းပြေးဆွဲတဲ့ အငှားယာဥ်မောင်းတဦးကလည်းပြောပါတယ်။ “ဒီကောင်တွေရဲ့ခေါင်းဆာင်က လူမိုက်တွေ၊ဒီကောင်တွေခိုးလို့ရမျှကိုသူတို့ဆီအပ်ရတယ်။သူတို့ကမှစျေးဖြတ်ပြီး သူခိုးတွေကိုပေးတာ။ကားတွေဆိုလည်း လူမရှိတာနဲ့ပေါ်တင် သော့အတုနဲ့ဖွင့်ပြီး တစီးလုံးမွှေနှောက်ယူတာ။အဲ့ဒါကိုတွေ့လို့ပြောရင်…
Read Moreရန်ကုန်မြို့၊လှိုင်မြို့နယ်၊၁၆ ရပ်ကွက်မှာ အခုရက်ပိုင်းအတွင်းစစ်ကောင်စီက အင်အားအများအပြားအသုံးပြုပြီး လူငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။ “လူငယ်တွေက အုပ်စုလိုက် ဂိမ်းဆော့နေကြတာ၊အဲ့အချိန်မှာ သူတို့အရင်ဆုံး အိမ်စီးကားတွေနဲ့လာပြီး လူငယ် တွေကို သေနတ်တွေနဲ့ချိန်ပြီး ဝမ်းလျားမှောက်ခိုင်ပြီး လက်ထပ်ခတ်၊မျက်နှာတွေအုပ်ပြီး ဖမ်းသွားတာ ခြောက် ယောက်လောက်တော့ရှိတယ်”လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ရက်၊နေ့လည် ၁၂နာရီခန့်က အိမ်စီးကားတွေအသုံးပြုပြီး လှိုင်မြို့နယ်၊၁၆ ရပ်ကွက် က မာလာမြိုင် ၂လမ်းနဲ့…
Read Moreရန်ကုန်မြို့မှာ အခုလအတွင်း မီးလောင်မှုတွေ နေ့စဉ်နီးပါးဖြစ်နေပြီး အခုလ ကိုးရက်အတွင်း မီးလောင်မှု အ ကြိမ်နှစ်ဆယ်ကျော်ြဖစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်တဲ့ မီးလောင်မှုဖြစ်စဉ်တွေအရသိရပါတယ်။ ဖေဖော်ဝါရီ(၁)ရက်ကနေ (၉)ရက်အထိ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ မီးလောင်မှု ဖြစ်စဉ်တွေအရ ရန် ကုန် စည်ပင်နယ်နိမိတ်ထဲက မြို့နယ်(၁၅)ခုမှာ ကိုးရက်အတွင်း မီးလောင်မှု (၂၁)ကြိမ်ဖြစ်ခဲ့တာပါ။အဲ့ဒီမီးလောင်မှု (၂၁)ကြိမ်ထဲက တခုဟာ ကားမီးလောင်မှုဖြစ်ပါတယ်။ ရန်ကုန်မှာ တနေ့ကို မီးလောင်မှု နှစ်ကြိမ်ထက်မနည်း နေ့စဉ်ရှိနေတဲ့သဘောဖြစ်ပါတယ်။ ကိုးရက်အတွင်း ရန်ကုန်က…
Read Moreရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊၁၄ရပ်ကွက် ၊သံသုမာလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေဟာ မနေ့ဇန်နဝါရီ ၂၁ ရက်နေ့မှာ တော်လှန်ရေးးရဲဘော်လူငယ်တဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဆိုင်ကို စစ်တပ်ကလုံခဲ့ခြုံရေးပေးထားတယ်လို့သိရပါတယ်။ “အခု ဆိုင်ပိတ်ထားတယ်။ဆိုင်ကအလုပ်သမားတွေလည်း မရှိတော့ဘူး။မနေ့က ညပိုင်းလောက်ကတည်းက မရှိကြတော့တာ။စစ်တပ်တွေလည်း အဲ့ဒိနားမှာ လုံခြုံရေးယူထားတယ်။ကျန်တာတော့ ထူးခြားတာမရှိပါဘူး”လို့ တောင်ဥက္ကလာပမြို့ နယ်နေ ဒေသခံတဦးကပြောပါတယ်။ ဇန်နဝါရီ ၂၁ရက် မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တွေက လက်ပစ်ဗုံးနဲ့လာရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့လိုလာရောက်တိုက်ခိုက်ချိန်မှာ တော်လှန်ရေးဘော်တွေကို ရပ်ကွက်ရုံးနဲ့ ဘေးချင်းကပ်မှာဖွင့်ထားတဲ့…
Read Moreရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ၁၀၆ တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းတွေကို NUG က ရောင်းချရာမှာ စတင်ရောင်းချတဲ့ ဇန်နဝါရီ ၂၁ ရက်မှာပဲ အခန်းအားလုံးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းရောင်းချငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀.၀၉သန်းဖိုးရောင်းချနိုင်ခဲ့ပြီး မူလခန့်မှန်းထားတဲ့ ပထမနေ့အရောင်းပမာဏထက် များစွာကျော်လွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီမနက် ၁၀ နာရီက စတင်ရောင်းချချိန်မှာတင် ကွန်ဒိုအခန်းပေါင်း ၃၆၀…
Read Moreရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်၊ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့် ဆိပ်ကမ်းသာလမ်းပေါ်က ကမ္ဘောဇဘဏ်ခွဲ အမှတ် ၃၅ကိုဝင်ရောက်ဓားပြတိုက်ခဲ့သူကို ဘဏ်လုံခြုံရေးဝန်ထမ်းတွေနဲ့အနီးဝန်းကျင်က ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိသူတွေက DNAကို ပြောပါတယ်။ “ဘဏ်ဝန်ထမ်းတွေက အနောက်ကလိုက်ပြီး အော်တော့ အနားကလူတွေကလည်း ဝိုင်းလိုက်ပြီး ဖမ်းလိုက်တာ၊အခုတော့ ရဲတွေခေါ်သွားပြီ၊တော်သေး တာက သူ့ဆီမှာပါတဲ့ ဓားနဲ့ ပြန်ခုခံတာ၊လူတွေဝိုင်းချုပ်ပြီး လုလိုက်လို့ ဝိုင်းဖမ်းတဲ့လူတွေလည်း ဘာမှမဖြစ်တာ၊ပွန်းတာ၊ပဲ့တာလောက်တော့ရှိတာပေါ့”လို့ ဆိပ်ကမ်းသာလမ်းအတွင်း စျေးရောင်းချသူတဦးကပြောပါတယ်။ ဓားပြတိုက်လုယက်သူဟာ ဒီကနေ့ ဇန်နဝါရီ ၁၇…
Read Moreရန်ကုန့်မြို့၊သာကေတမြို့နယ်၊၇/အနောက်ရပ်ကွက်က ရာအိမ်မှူးတဦးဖြစ်တဲ့ ဦးထွန်းဝင်းဆိုသူ ဒီကနေ့မနက်ပိုင်းက လမ်းပေါ်မှာ လမ်းလျှောက်နေချိန် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့သာကေတ မြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။ အရက်ဆိုင်ကွေ့ကားမှတ်တိုင်ဘက် လမ်းလျှောက်လာချိန်မှာအမည်မသိ သေနတ်သမားက အနောက်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့မျက်မြင်တချို့က ပြောပါတယ်။ရာအိမ်မှူးဦးထွန်းဝင်းဟာ သာကေတမြို့ နယ်က ထင်ရှားတဲ့ လူမိုက်တဦးရဲ့ ညီဖြစ်တယ်လို့လည်း နီးစပ်သူတွေကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုအပြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပစ်ခတ်ခံရတဲ့ရာအိမ်မှူးကို အရေးပေါ်လူနာတင်ယာဥ်နဲ့သယ်ဆောင်သွားပြီး အခင်းဖြစ်နေရာကို ကင်းပတ်တာမျိုးပြုလုပ်ခဲ့ပေမယ့် စစ်ဆေးတာတွေမလုပ်ခဲ့ဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။ ရာအိမ်မှူးထွန်းဝင်းဆိုသူဟာ စစ်ကောင်စီနဲ့ပူးပေါင်းတာ၊တော်လှန်လူငယ်တွေနဲ့ပတ်သက်တဲ့…
Read Moreရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊တပ်မတော်ချည်မျှင်အရှေ့နဲ့ အုတ်ကျင်းဘူတာရုံလမ်းအနီးက မိုးရေသန့်စက်ရုံမှာ အမိုးနီးယာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားတာကြောင့် အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဓာတ်ငွေ့သင့်တဲ့သူတွေကတော့အများကြီးပေါ့၊ အဓိကက ဆေးရုံကိုပို့တာကျတော့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ရတာပေါ့၊ ၂၀ကျော် ၃၀နီးပါးရှိတယ်၊ ဒီမနက်တော့ ဆေးရုံပြန်ဆင်းကြမှာပါ”လို့ အရှေ့ပေ ၅၀ လမ်းနေ ဒေသခံတဦးက ပြောပါတယ်။ အမိုးနီးယားဓာတ်ငွေ့သင့်ပြည်သူတွေကို အင်းစိန်ဆေးရုံ၊မြောက်ဥက္ကလာပ ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးတွေကို တင်ပို့ခဲ့တာဖြစ်တယ်လို့ လှိုင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “အင်းစိန် ဆေးရုံမှာ အားလုံး…
Read Moreရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့အငှား ယာဥ်မောင်းတဦးဟာမိသားစုနဲ့အဆက်အသွယ်ပြတ်နေရာကတရက်အကြာမှာ ကြိုးတုပ်ခံထားပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကို ပြန် တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက DNA ကို ပြောပါတယ်။ တောင်ဒဂုံမြို့နယ်၊သစ်ဆိပ်ရပ်ကွက်မှာနေထိုင်တဲ့ ကိုကျော်ထွန်းဟာ ဇန်နဝါရီ ၄ ရက်မှာ ကားအ ဌား လိုက်သွားရာက အိမ်ပြန်ရောက်မလာဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာဖြစ်ပြီး မနေ့က ညပိုင်း မှာတော့ တွံတေးဘက်မှာ ရုပ်အလောင်းတွေ့ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ “အိမ်ပြန်ရောက်မလာလို့ မိသားစုတွေကစိုးရိမ်ပြီး လူမှုကွန်ရက်မှာ ဖုန်းနံပါတ်တွေနဲ့ကြေညာထားတာ၊ ညက ပြန်တွေ့တော့…
Read More