တော်လှန်ရေးရဲဘော်ကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ကို စစ်တပ်က လုံခြုံရေးပေးထား

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊၁၄ရပ်ကွက် ၊သံသုမာလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေဟာ မနေ့ဇန်နဝါရီ ၂၁ ရက်နေ့မှာ  တော်လှန်ရေးးရဲဘော်လူငယ်တဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဆိုင်ကို စစ်တပ်ကလုံခဲ့ခြုံရေးပေးထားတယ်လို့သိရပါတယ်။

 “အခု ဆိုင်ပိတ်ထားတယ်။ဆိုင်ကအလုပ်သမားတွေလည်း မရှိတော့ဘူး။မနေ့က ညပိုင်းလောက်ကတည်းက မရှိကြတော့တာ။စစ်တပ်တွေလည်း အဲ့ဒိနားမှာ လုံခြုံရေးယူထားတယ်။ကျန်တာတော့ ထူးခြားတာမရှိပါဘူး”လို့ တောင်ဥက္ကလာပမြို့ နယ်နေ ဒေသခံတဦးကပြောပါတယ်။

 ဇန်နဝါရီ ၂၁ရက် မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တွေက လက်ပစ်ဗုံးနဲ့လာရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 အဲ့လိုလာရောက်တိုက်ခိုက်ချိန်မှာ တော်လှန်ရေးဘော်တွေကို ရပ်ကွက်ရုံးနဲ့ ဘေးချင်းကပ်မှာဖွင့်ထားတဲ့ ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးတာကြောင့် အသံဗုံးနဲ့ပစ်ခတ်ခြောက်လှန့်ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

 “လိုက်ဖမ်းတာ ၆ယောက်၊၇ယောက်လောက်ရှိတယ်။လိုင်းပေါ်မှာလည်း တွေ့မှာပါ။ပထမ ရပ်ကွက်ကတော့ ရန်ဖြစ်ကြတယ်ပဲသိတာ။နောက်မှ ဒီလိုတွေဖြစ်ကြတာကိုသိကြတာ။”လို့ ရပ်ကွပ်နေ ပြည်သူတဦးက ဆိုပါတယ်။

 ဒါပေမယ့် ဆိုင်ဝန်ထမ်းတွေဟာတော်လှန်ရေးရဲဘော်တွေကို အတင်းအကြပ်လိုက်လံရိုက်နှက်ဖမ်းဆီးတာကြောင့် တော်လှန်ရေးရဲဘော်တဦးလွတ်မြောက်ခဲ့ပြီး တဦးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ လည်း ဒေသခံတွေဆီက သိရပါတယ်။

 လက်ရှိထွက်ပေါ်နေတဲ့ ဖမ်းဆီးခံရတဲ့ တော်လှန် ရေးရဲဘော်တဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အမှန်တကယ်သေဆုံးမှုရှိ၊မရှိကို DNAသတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးသလို ရပ်ကွက်နေဒေသခံတွေကလည်း အတည်ပြုမပြုနိုင်ဘူးလို့ ဆိုပါတယ်။

 မြိုပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ကတော့ ငွေတောင်စားသောက် ဆိုင်အနေနဲ့ အဲ့ဒီလုပ်ရပ်အပေါ်တာဝန်ယူရမှာဖြစ်ပြီး အခုလို တော်လှန်ရေးဘက်တော်သားတွေက ဒုက္ခပေးနေတဲ့သူတွေကို လွတ်လပ်ရေးပန်းတိုင်ရဲ့ ခလုတ်ကန်သင်းအဖြစ် သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှား တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 “ဒီလိုလုပ်ရပ်ကဘယ်လိုမှမဖြစ်သင့်ဘူးလို့မြင်ပါတယ်။ဗိုလ်မှူးဟောင်းတယောက်ပိုင်တဲ့ဆိုင်လို့သိရတယ် ။ဘယ်လိုပဲဖြစ်ဖြစ်ပါ ဝန်ထမ်းတွေအနေနဲ့ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ဘူး ဒီလိုဆိုင်မျိုးတွေကို Boycott ပြင်းပြင်းထန်ထန်လုပ်ပေးပါလို့လဲတောင်းဆိုချင်ပါတယ်”လို့ Dark Shadow မြို့ပြပျောက်ကြားအဖွဲ့မှတာဝန်ရှိသူတဦးကDNAကိုပြောပါတယ်။

 ဒါ့အပြင်ပြည်သူတွေအနေနဲ့မြို့ပြရဲဘော်တွေမစ်ရှင်လုပ်ဆောင်ရာမှာမကူညီပေးနိုင်ရင်တောင်မနှောင့်ယှက်ကြဖို့နဲ့အခုလိုဝိုင်းဝန်းဖမ်းဆီးတဲ့လုပ်ရက်တွေ မလုပ်ကြဖို့တောင်းဆိုတယ်လို့လဲသူကဆက်ပြောပါတယ်။