ရန်ကုန်မြို့ ပြောက်ကျားအဖွဲ့ ဖမ်းဆီးခံရမှုမှာ သတင်းပေးခဲ့သူတွေရဲ့စာရင်းကို ထုတ်ပြန်

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုက ဖမ်းဆီးခဲ့ရာမှာ ပူးပေါင်းသတင်းပေးခဲ့သူတွေရဲ့ စာရင်းကို ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဧပြီလ ၂၇ရက်နေ့က အလတ်ချောင်းရပ်ကွက်မှာ ယာယီနေထိုင်နေကြတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ Dark Shadow အဖွဲ့ဝင် လူငယ် ၁၄ဦးကို အကြမ်းဖက်စစ်အုပ်စုက အင်အားသုံးဖမ်းဆီးခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ သတင်းပေးဒလန်တွေအဖြစ် လုပ်ဆောင်ခဲ့သူတွေရဲ့ စာရင်းကို မြေပြင်မျက်မြင်သက်သေတွေရဲ့ သတင်းပေးပို့ချက်တွေအရ သိရှိရပြီးဖြစ်တယ်လို့ သိရပါတယ်။
သတင်းပေးအဖြစ် လုပ်ဆောင်ခဲ့သူတွေဟာ အလတ်ချောင်းရပ်ကွက်မှာ နေထိုင်တဲ့ ဂျပန်ကြီးနဲ့ သားတွေ၊ ဆံပင်ညှပ်ဆိုင်ဖွင့်လှစ်ထားသူ မိုးမင်းထက်၊ စိုးသိန်းနဲ့ ကရင်ခြံမှာနေထိုင်တဲ့ အရှည်ကြီးဆိုသူတွေ ပါဝင်တယ်လို့ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
ဒလန်သတင်းပေးအဖြစ် လုပ်ဆောင်ခဲ့သူတွေကို ပြည်သူ့တရားစီရင်ရေးအရ ပြန်လည်လက်တုန့်ပြန်သွား ကြဖို့ကိုလည်း ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက Dark Shadow ပြောက်ကျားတပ်ဖွဲ့ကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ တပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ပြီး မှော်ဘီမြို့နယ်ဘက်မှာရှိတဲ့ တိုးဂိတ်တစ်ခုမှာလည်း ကျန်ရှိတဲ့ အဖွဲ့သားတွေနဲ့ လက်နက်တွေ ထပ်မံဖမ်းဆီးခံခဲ့ရပြီး အသက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ Dark Shadowအဖွဲ့က ထုတ်ပြန်ထားပါတယ်။